ဘယ်သူမဆို ကိုယ်ချစ်ရသူကို ကျန်းမာကြည့်ကောင်းစေချင်သူ ချည်းပါပဲ။ ဒီတစ်ခေါက်မှာတော့ အရင်ထက် ဝိတ်ပိုတက်လာတဲ့ သင့်ကောင်လေးကို ဝိတ်ပြန်ထိန်းဖို့ မသိမသာလေး တိုက်တွန်းလို့ရမယ့် နည်းလမ်းတွေကို ဖော်ပြလိုက်ပါတယ်။

၁။ တိုက်ရိုက် မဟုတ်ဘဲ

သင်က သူ့ကို တိုက်ရိုက် မတိုက်တွန်းချင်ဘူးဆိုရင် သင့် Social Media Account မှာ ဝိတ်ချတာ၊ ကျန်းမာရေးနဲ့ ညီညွှတ်အောင် စားသောက်ပုံတွေကို သူမြင်အောင် တိုက်ရိုက်မဟုတ်ဘဲ မသိမသာ Share နိုင်ပါတယ်။

၂။ အပြင်ထွက် မုန့်စားတဲ့အခါ

သင့်ကောင်လေး ဝိတ်တက်တာက သင့်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ သင်နဲ့ တွေ့တိုင်း မုန့်ပဲ ခဏခဏ စားရတဲ့အခါ လူတစ်ယောက်နဲ့ တစ်ယောက် အစာချေပုံ မတူတာကြောင့် သူဝိတ်တက်လာနိုင်ပါတယ်။ ဒါကြောင့် သူနဲ့တွေ့တိုင်း ကျန်းမာရေးနဲ့ ညီညွတ်တာတွေကို သင်ကပါ လိုက်စားသင့်ပါတယ်။

၃။ Gym လက်ဆောင်ပေးပါ

သူနဲ့ အထိမ်းအမှတ်နေ့၊ သူ့မွေးနေ့တွေမှာ Gym တစ်လ၊ တစ်နှစ် စသဖြင့် ဆော့လို့ရအောင် သင့်ဘက်က လက်ဆောင်ပေးနိုင်ပါတယ်။

၄။ သင်စားခဲ့သမျှကို သူ့ဆီပြောပြပါ

သူ့ကို တစ်ဖက်လှည့်နည်းနဲ့ အပြန်အလှန် မေးခွန်းမေးနိုင်ပါတယ်။ သင် တစ်နေ့လုံး စားခဲ့သမျှကို သူ့ဆီပြောပြနိုင်ပြီး သူ့ကိုပါ ပြန်မေးနိုင်ပါတယ်။ သူက သင့်ကို ပြန်ပြောတဲ့အခါ သူစားတာတွေက ကျန်းမာရေး နဲ့ ညီညွတ်ရဲ့လား သူပြန်သုံးသပ်မိပါလိမ့်မယ်။

၅။ အတူတူ လှုပ်လှုပ်ရှားရှားနေပါ

ဘယ်သူမှတော့ ပြည့်စုံတယ်ရယ် မရှိပါဘူး။ သင့်ကောင်လေးလိုပဲ သင်လည်း မလိုတဲ့ အဆီတွေ ရှိနေနိုင်ပါတယ်။ ဒါကြောင့် နှစ်ယောက်အတူတူ လှုပ်လှုပ်ရှားရှား နေနိုင်ပါတယ်။ ဒီလိုဆိုရင် ပိုပျော်ဖို့ ကောင်းပါတယ်။

၆။ ရိုးရိုးသားသား ဖွင့်ဟပါ

သင်က သွယ်ဝိုက်ပြီး မပြောချင်ရင် သူ့ကို တိုက်ရိုက်ပြောနိုင်ပါတယ်။ သူ့ပုံစံကို ဘယ်လိုပဲ ဖြစ်ဖြစ် ချစ်ကြောင်း ဒါပေမဲ့ ကိုယ်အလေးချိန်များတာက အသက်ကြီးလာရင် မကောင်းကြောင်း ရိုးရိုးသားသား ဖွင့်ပြောနိုင်ပါတယ်။

၇။ Weight Loss Show တွေ အတူတူကြည့်ပါ

သူ့ကို စိတ်ခွန်အားပေးနိုင်မယ့် ဇာတ်လမ်းမျိုး အတူတူ ကြည့်နိုင်ပါတယ်။ ဥပမာ- Extreme Weight Loss, The Biggest Loser နဲ့ I Used to be Fat စတဲ့ Show တွေပါ။

၈။ အားကစား တစ်ခုခု လုပ်ခိုင်းပါ

ယောက်ျားလေး အများစုမှာ သူတို့ သဘောကျတဲ့ အားကစားနည်း ရှိတတ်ပါတယ်။ သင့်ကောင်လေးကို ဒီအားကစား လုပ်ဖို့ တိုက်တွန်းနိုင်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar