အားလုံးပဲမင်္ဂလာပါနော်။ လက်ရှိ Beauty Blogger တွေလည်း အများကြီးလုပ်ပြနေတယ်။ ပြီးတော့ အင်စတာဂရမ်မှာလည်း အရမ်းကိုရေပန်းစားနေတဲ့ မှည့်ခြောက်အတုလိုမျိုး မိတ်ကပ်လိမ်းနည်းလေးကို မျှဝေပေးချင်မှာဖြစ်ပါတယ်။

တချို့က မှည့်ခြောက်ရှိတာ မလှဘူးလို့ထင်ကြပါတယ်။ မှည့်ခြောက်လေးတွေရှိနေလို့ ကိုယ့်ကိုကိုယ်ယုံကြည်မှုမရှိတာမျိုးတွေလည်း ကြုံရတတ်ပါတယ်။

ဒါပေမယ့် ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိလိုက်ပါ။ ကိုယ့်မှာရှိတဲ့အလှတရားကို အရင် လက်ခံလိုက်ပါလို့ အကြံပြုချင်ပါတယ်နော်။

အခုဆိုရင် မှည့်ခြောက်မရှိတဲ့သူတွေတောင် သဘာဝအလှတရားကိုလက်ခံတဲ့အနေနဲ့ မှည့်ခြောက်အတုလေးတွေနဲ့ မိတ်ကပ်လိမ်းတာမျိုးတွေလည်းရှိနေပြီဆိုတော့ စာဖတ်သူတွေအတွက်လည်း မျှဝေပေးလိုက်ပါတယ်နော်။

မိတ်ကပ်မလိမ်းခင်

မိတ်ကပ်မလိမ်းခင်ကတော့ အားလုံးသိပြီးသားအတိုင်းပါပဲ။ မျက်နှာကို အရင်သစ်မယ်။ ခြောက်အောင်သုတ်မယ်။ ပြီးရင် တိုနာလိမ်းမယ်။ ပြီးရင်တော့ Moisturizer လိမ်းမယ်။ အဲဒါတွေပြီးသွားရင်တော့Primer လိမ်းပါမယ်။

ပုံမှန်မိတ်ကပ်လိမ်းသလိုပဲ လိမ်းပါမယ်

ဖောင်ဒေးရှင်း၊ Concealer စတာတွေကို လိုအပ်သလို လိမ်းပေးလိုက်ပါ။ ကိုယ်ပုံမှန်လိမ်းနေကျ မိတ်ကပ်လိုပါပဲနော်။ ပြီးရင်တော့ မျက်ခုံးမွှေးဆိုး မျက်လုံးမိတ်ကပ်လိမ်းလိုက်လို့ရပါတယ်။

မှည့်ခြောက်တုလေးတွေလုပ်မယ် 

မှည့်ခြောက်မထည့်ခင်မှာ ပါးနီကို ပါးရိုးအပေါ်ဖက်နဲ့ နှာတံနားတွေကို ခပ်ပါးပါးလေး လိမ်းပေးလိုက်ပါ။ Highlighter လည်းထည့်ပေးလိုက်ပါ။

မှည့်ခြောက်အတုကို Eyeliner Gel ပဲသုံးသုံး၊ Liquid ပဲသုံးသုံး၊ ခဲတံပဲသုံးသုံးရပါတယ်။ ဒါပေမယ့် အရမ်းချွန်နေတာမျိုးမဖြစ်ရင်ပိုပြီးကောင်းပါတယ်။ ဘာလို့လဲဆိုတော့မှည့်ခြောက်က အသေးအကြီး အမျိုးမျိုးရှိနေနိုင်လို့ပါ။ သဘာဝဆန်ချင်ရင်တော့ အသေးအကြီး အရွယ်အစား အမျိုးမျုး ထည့်ပေးပါ။ ပါးရိုးအပေါ်ဖက်မှာ ထည့်ပေးရင်ပိုကောင်းပါတယ်။

ပြီးရင်တော့ Blend လုပ်ပေးလိုက်ပါ။

အမှုန့်ကိုသုံးမယ်ဆိုရင်လည်း Brushလေးနဲ့ သေချာလေး ပြန်Blend လုပ်ပေးသင့်ပါတယ်။

ပြီးမှ ပေါင်ဒါလိမ်းမယ်

Photo: www.sandsunandmessybuns.com

ဒါတွေအားလုံးပြီးမှ အပေါ်ကနေ ပေါင်ဒါလိမ်းပါမယ်။ ပေါင်ဒါကိုလည်း Brush နဲ့ ခပ်ပါးပါးလေးပဲ လိမ်းပေးရမှာဖြစ်ပါတယ်။ ဒါဆိုရင် မှည့်ခြောက်က အရမ်းထင်းမနေဘဲ သဘာဝကျနေမှာဖြစ်ပါတယ်နော်။

Photo: www.pinterest.com

www.sweetyhigh.com