Spa သွားဖို့ အဆင်မပြေတဲ့သူတွေအတွက် အိမ်မှာပဲ ကိုယ်တိုင် Spa လုပ်နိုင်မယ့်နည်းလမ်းကို မျှဝေပေးလိုက်ပါတယ်။ Spa လုပ်ပေးခြင်းက ရှိနေတဲ့ Stress တွေကို လျော့ကျသွားစေပြီး ကိုယ်ရောစိတ်ပါ ပေါ့ပါးလန်းဆန်းသွားစေပါတယ်။ ဒါ့အပြင် အသားအရေလည်း အရင်ထက်ပိုပြီး လှလာစေပါတယ်။

Spa လုပ်မယ့်အခန်းလေးမွှေးနေအောင် ပန်းခြောက်လေးတွေထားပြီး အနံ့မွှေးတဲ့ ဖယောင်းတိုင်မျိုး ထွန်းထားပါ။ အခန်းမီးရောင်ကိုလျှော့ထားပါ။ အခန်းမွှေးဖို့အတွက် အနံ့တွေကိုသုံးတဲ့အခါမှာ orange, spearmint,eucalyptus အနံ့တွေက stress တွေကို လျော့ကျစေပါတယ်။

ခြေထောက် cleansing လုပ်ဖို့၊ စိမ်ဖို့၊ body scrub လုပ်ဖို့အတွက် essential oil ကိုပါ ထည့်သုံးပေးမယ်ဆိုရင်တော့ stress တွေလျော့ကျစေပြီး စိတ်ကြည်လင်လန်းဆန်းစေပါတယ်။ ဒါ့အပြင် ခြေထောက်စိမ်တဲ့နေရာမှာ ထည့်သုံးပေးရင် ခြေထောက်မှိုစွဲတာပါ သက်သာစေပါတယ်။

ခြေထောက် cleansing လုပ်ပြီး စိမ်ဖို့အတွက် ခြေထောက်စိမ်မယ့်ခွက်ထဲကို ရေကြက်သီးနွေးထည့်၊ ဆားခါးထည့်၊ lavender essential oil (သို့) chamomile essential oil ထည့်ပြီး ၁၅ မိနစ်စိမ်ထားပါ။ ပန်းပွင့်ဖတ်လေးတွေပါထည့်လည်း ရပါတယ်။

နောက်တစ်ဆင့်အနေနဲ့ သွေးလည်ပတ်မှုကောင်းပြီး ဆဲလ်သေတွေဖယ်ရှားပေးဖို့၊ ကိုယ်တွင်းအဆိပ်အတောက်တွေ ဖယ်ရှားနိုင်ဖို့၊ အသားအရေကြည်လင်လာစေဖို့ dry body brushing လုပ်ပေးရပါမယ်။ dry body brushing လုပ်တဲ့အခါမှာ dry brush နဲ့ circular motion ပွတ်ပေးရပါမယ်။ လည်ပင်းကစပြီး တစ်ကိုယ်လုံးကို ပွတ်ပေးနိုင်ပါတယ်။

ဆဲလ်သေတွေနဲ့ အရေပြားပေါ်က အညစ်အကြေးတွေကို ဖယ်ရှားဖို့အတွက် scrub လုပ်ပါမယ်။ ဒါမှ အသားအရေကကြည်လင်ပြီး အရင်ထက်ပိုလှလာမှာပါ။ body အတွက် coffee scrub လုပ်ပေးပါ။ တစ်ကိုယ်လုံးကိုလုပ်ရပါမယ်။၏

မျက်နှာကိုလည်း ကိုယ်သုံးနေကျပစ္စည်းနဲ့ exfoliating လုပ်ပေးပါ။ ပြီးရင်တော့ facial mask လုပ်ပေးပါ။ facial mask လုပ်ရမှာပျင်းရင် အလွယ်သုံးလို့ရတဲ့ sheet mask ပဲကပ်ထားပေးပါ။

Body scrub လုပ်ပြီး ၁၀ မိနစ်လောက်ကြာရင် oil massage ကို ၁၅ မိနစ်လောက်လုပ်ပေးပါ။ oil massage လုပ်ပေးခြင်းက အညောင်းအညာပြေစေပြီး ပေါ့ပါးလန်းဆန်းစေပါတယ်။ သွေးလည်ပတ်မှုလည်း ကောင်းမွန်စေပါတယ်။

အားလုံးပြီးရင်တော့ ရေအေးနဲ့ပဲ ရေချိုးချလိုက်ရုံပါပဲ။ ပြီးရင်တော့ မျက်နှာကိုလည်း skincare သေချာ ပြန်လိမ်းပေးဖို့ မမေ့ပါနဲ့။ body lotion လည်း သေချာပြန်လိမ်းပေးပြီးရင်တော့ home spa လုပ်ပြီးသွားပြီပဲ ဖြစ်ပါတယ်။ တစ်ပတ်တစ်ခါလောက်လုပ်ပေးရင် ခန္ဓာကိုယ်က အမြဲတမ်းပေါ့ပါးလန်းဆန်းပြီး နေလို့ကောင်းနေမှာပါ။ အသားအရေကလည်း သိသိသာသာကို ကြည်လာပါလိမ့်မယ်။