မင်္ဂလာပါ…… ပျိုမဒီတို့ရေ……. နေ့တိုင်း သွားသန့်ရှင်းဖို့ အသုံးပြုနေတဲ့ သွားတိုက်ဆေးက သွားကိုသန့်ရှင်းစေရုံသာမကဘဲ တခြားအရာတွေကို သန့်ရှင်းဖို့ အသုံးပြုလို့ရတယ် ဆိုတာ သိပါရဲ့လား? မသိသေးဘူးဆိုရင်တော့ အောက်မှာ သွားတိုက်ဆေးရဲ့ အသုံးဝင်လွန်းတဲ့အချက်တွေကို ဖော်ပြပေးထားပါနော်။

ဖိနပ်

အရောင်ဖျော့ဖျော့ဖိနပ် သို့မဟုတ် ဖိနပ်အဖြူရောင်ဖိနပ်တွေမှာ ညစ်ပတ်နေရင်  သွားတိုက်တံအဟောင်းကိုသုံးပြီး  သွားတိုက်ဆေးနဲ့ ပွတ်ပေးပါ။ ပြီးရင် အဝတ်အစိုနဲ့ ထပ်သုတ်ပေးပါ။

ဆံပင်ဖြောင့်စက်

Curling Iron၊ Curlers သို့မဟုတ် Hair Straightener တို့ကို သန့်ရှင်းဖို့အတွက် သွားတိုက်ဆေးကိုသုံးပြီး အဝတ်ခြောက်လေးနဲ့ ပွတ်ပေးပါ။ ပြီးရင် အဝတ်အစိုနဲ့ ထပ်သုတ်ပေးပါ။

ကားရှေ့မီး

ကားရဲ့အရှေ့မီးလုံးတွေ ကြည်ဖို့၊ ပင့်ကူမျှင်တွေဖယ်ရှားဖို့နဲ့  အသေးစားခြစ်ရာတွေကို ဖယ်ရှားနိုင်ဖို့အတွက်လည်း သွားတိုက်ဆေးကို အသုံးပြုလို့ရပါသေးတယ်။

ငွေထည်

ငွေနဲ့လုပ်ထားတဲ့အရာတွေကိုအရောင်တင်ဖို့အတွက် သွားတိုက်ဆေးကိုသုံးပြီး အရောင်တင်လို့ရပါသေးတယ်။ သွားတိုက်ဆေကို အဝတ်ပေါ် ညှစ်ပြီး ဖြည်းဖြည်းချင်းသုတ်ပေးပါ။ ပြီးရင် အဝတ်နဲ့ခြောက်အောင် ထပ်သုတ်ပေးပါ။ ဒါပေမယ့် ပုလဲနဲ့ကျောက်မျက်ရတနာတွေကိုတော့ သုံးလို့မရပါဘူး။

အညှီနံ့

အသားငါးတွေကိုင်လို့ လက်မှာညှီနံ့တွေမပျောက်ရင် သွားတိုက်ဆေး လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာ ပမာဏကို လက်ဖဝါးထဲထည့်ပြီး Hand Cream လိမ်းသလို လက်အနှံ့ ပွတ်ပေးပါ။ ပြီးရင် ရေနဲ့ သေချာဆေးချလိုက်ပါ။

နံရံပေါ်ကအမှတ်အသား

နံရံပေါ်မှာ ကလေးတွေဆွဲထားတာတွေကို ဖျက်ဖို့အတွက် သွားတိုက်ဆေး၊ ရေနဲ့ ရေမြုပ်ကိုသုံးပြီး အလွယ်လေးဖယ်ရှားလို့ရနိုင်ပါတယ်။ ဖျတ်ပြီးရင်တော့ လေအေးနဲ့ ခြောက်အောင်ထားလိုက်ပါ။