ဆံပင်အရောင်တွေက တစ်နှစ်နဲ့ တစ်နှစ် Trend ဖြစ်တာချင်း မတူကြပါဘူး။ ကိုးရီးယားမှာဆိုရင် Kpop Idol တွေဟာ Comeback တစ်ခုစီတိုင်းမှာ မတူညီတဲ့ ဆံပင်စတိုင်အသစ်၊ အရောင်အသစ်တွေနဲ့ ပြန်လာတတ်ကြပါတယ်။ သင်ကိုယ်တိုင်လည်း ဒီလို Comeback လုပ်နိုင်ပါတယ်။ ပြောင်းလဲမှု တစ်ခုဆီတိုင်းမှာ မတူညီတဲ့ ဆံပင်အရောင်နဲ့ လှနိုင်ပါတယ်။ ဒီတစ်ခေါက်မှာတော့ သင့်ကို ပိုမိုက်စေမယ့် ဆံပင်အရောင်တွေကို ဖော်ပြလိုက်ပါတယ်။

၁။ Blonde

သင်က အဝါရောင်၊ ရွှေရောင်စတာတွေကို ကြိုက်ရင် ဒီအရောင်က အဆင်ပြေပါလိမ့်မယ်။

၂။ ပန်းရောင်

Crazy Colors တွေထဲက တစ်ခုဖြစ်တဲ့ ပန်းရောင်ကလည်း လူငယ်ဆန်ဆန်နဲ့ မိုက်နေစေမယ့် အရောင်ပါ။

၃။ Highlight

Highlight ကိုမှ အနက်နဲ့ မီးခိုးရောင် အရောင်ဖောက်တွေကို လူငယ်အများစု ဆိုးတတ်ကြပါတယ်။

၄။ Baby Highlight

အဝါရောင် ဆံပင်ကိုမှ Highlight သေးသေးလေးတွေ မသိမသာ ဖောက်ထားတာက သင့်မျက်နှာကို လုံးဝ ပြောင်းလဲစေပါလိမ့်မယ်။

၅။ အပြာရောင်

အပြာရောင်ကတော့ စွန့်စားရဲပြီး အမြဲ Bold ဖြစ်တဲ့ လူငယ်မိန်းကလေးတွေနဲ့ သင့်တော်ပါလိမ့်မယ်။

၆။ ပန်းရောင်နဲ့ အနက်

အရောင်နှစ်ရောင်စပ်ပြီး ဆိုးချင်တယ်ဆိုရင် အပေါ်ကို ပန်းရောင်နဲ့ အောက်ဘက်ကို အနက်ရောင် တွဲနိုင်ပါတယ်။

၇။ ခပ်မိုက်မိုက် အရောင်

သင်က အရောင်လင်းတာမျိုး လိုချင်ရင် ဒီအရောင်က အမိုက်ဆုံးပါပဲ။

၈။ လိမ္မော်နဲ့ အတွဲအစပ်

အရောင်ကို Level အမြင့်ဆုံး Bleach လုပ်ပြီး ဒါနဲ့ လိမ္မော်ကို တွဲနိုင်ပါတယ်။

၉။ Honey အရောင်

Honey ဘက်သွားတဲ့ အရောင်လေးတွေ နှစ်သက်ရင် ဒီအရောင်လေးက ရွေးသင့်တဲ့ အထဲပါဝင်ပါတယ်။

၁၀။ စပိန်မလေး အရောင်

ဒီအရောင်ကိုတော့ ပျိုမေအများစု ရင်းနှီးကြမှာပါ။

၁၁။ Ginger

သင်က မိတ်ကပ်လိမ်းတတ်တဲ့ လူငယ်မိန်းကလေးတစ်ဦးဆိုရင် ဒီ Ginger ရောင်က အရောင်ဆန်းလေး ဖြစ်ပါလိမ့်မယ်။

၁၂။ မီးခိုးရောင်

လူငယ်ဘဝမှာ တစ်ခေါင်းလုံး မီးခိုးရောင် ဆိုးရဲရင် ဆိုးကြည့်သင့်တဲ့ အရောင် ဖြစ်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar