ဆောင်းရာသီအတွက် ရှင်းရှင်းလေးနဲ့ အရောင်ငြိမ်ငြိမ်လေးနဲ့ လှပနေစေမယ့် Cozy Winter Makeup Look ပြင်နည်းကို မျှဝေပေးလိုက်ပါတယ်။ နေ့တိုင်းပြင်ဆင်ဖို့ Everyday Look အတွက်ပါ အရမ်းအဆင်ပြေပါတယ်။

ဆောင်းရာသီဆိုတော့ နှုတ်ခမ်းခြောက်တဲ့အတွက် အရင်ဆုံး Lip Mask (သို့) Lip Balm ကို အရင်ဆိုးထားလိုက်ပါ။

Primer လိမ်းပါမယ်။ ပြီးရင်တော့ ကိုယ်လိမ်းနေကျ Foundation (သို့) Cushion ကို လိမ်းပေးပါ။ ဒီမှာတော့ Cushion သုံးထားပါတယ်။

မျက်ကွင်းညိုတာနဲ့ အမာရွတ်၊ အမဲစက်တွေကို ဖုံးဖို့အတွက် Concealer သုံးပါမယ်။

နောက်ဆုံးမှာတော့ Powder Pact လေးကို Brush နဲ့ယူပြီးလိမ်းပေးပါ။

မျက်ခုံးမွှေးကို ကိုယ်ဆွဲနေကျအတိုင်းပဲ ဆွဲပေးပါ။

Bronzer နဲ့ နှာတံဖော်ပါမယ်။

အညိုရောင် Eyeshadow ကို မျက်ခွံနဲ့ မျက်လုံးအောက်နားလေးမှာ ခြယ်ပေးပါ။

မိတ်ကပ်ရောင် Eyeshadow ဖျော့ဖျော့လေးကို မျက်ခွံမှာ ထပ်ခြယ်ပေးပါ။

ခဲနက်ဘက်သွားတဲ့ Eyeshadow အရောင်လေးကို မျက်ခွံထောင့်နားလေးမှာ ခြယ်ပြီးတော့ Brush အလုံးလေးနဲ့ Blend လုပ်ပေးပါ။

Glitter Eyeshadow ကို Rose Gold အရောင်လေးယူပြီး မျက်ခွံနဲ့ မျက်လုံးအောက်နားလေးမှာ နည်းနည်းခြယ်ပေးပါ။

Gel Eyeliner နဲ့ ပါးပါးလေးဆွဲပေးပါ။ မျက်လုံးအတွင်းသားကို ကပ်ပြီးဆွဲရင် ပိုလှပါတယ်။

ပြီးရင်တော့ မျက်တောင်ကော့ပါမယ်။

ပါးနီကို လိမ္မော်ရောင် ပါးပါးလေးခြယ်ပါမယ်။

ပါးရိုးနှစ်ဖက်နဲ့ နှာတံကို Highlighter နဲ့ခြယ်ပေးပါ။

နောက်ဆုံးမှာတော့ အညိုဘက်သွားတဲ့ နှုတ်ခမ်းနီအရောင်လေးကို ဆိုးပေးပါ။

ဒါဆိုရင်တော့ ရှင်းရှင်းလေးနဲ့လှတဲ့ Cozy Winter Makeup Look လေးကို ရရှိသွားပါပြီ။