မင်္ဂလာပါ ပျိုမေတို့ရေ။ ခြေဖနောင့်ကွဲတာ၊ အရေခွံလန်တာက အေးတဲ့ရာသီတွေမှာအဖြစ်များပေမယ့် ရာသီမရွေး အသားအရေခြောက်သွေ့ရာကတစ်ဆင့်လည်း ဖြစ်တတ်ပါတယ်။ ဒါ့အပြင် ခြေထောက်မှာ အစိုဓာတ်မရှိတာ၊ အရွယ်ရလာလို့ အသားအရေလျော့ရဲတာနဲ့ ဖိနပ်ပေါက်တာတွေကလည်း ခြေဖနောင့်ကွဲအက်စေတဲ့အကြောင်းအရင်းတွေပါပဲ။ ဒီလိုဖြစ်လာပြီဆိုရင်တော့ သက်သာစေမယ့် နည်းလမ်းတွေကို သိထားဖို့လိုပါတယ်နော်။ ဒီတစ်ခေါက်မှာ ခြေဖနောင့်ကွဲတာ အမြန်ဆုံးသက်သာဖို့ ပံ့ပိုးပေးမယ့်အရာတွေကို ဖော်ပြပေးသွားမှာပါ။

ခြေဖနောင့်တွေကို သေချာသန့်စင်ပေးပါ


ခြေထောက်ကိုဖြစ်သလိုမဆေးဘဲ သေချာသန့်စင်ပေးမှ ဆဲလ်သေတွေ အလိုလိုကွာကျပြီး အစိုဓာတ်ရစေမှာပါနော်။ သင့်ခြေထောက်တွေကို ရေနွေးနွေးမှာစိမ်ပြီး အာနိသင်မပြင်းတဲ့ဆပ်ပြာနဲ့ နှိပ်နယ်ကာ ဆေးကြောပေးရပါမယ်။ ရေအကြာကြီးစိမ်ထားတာမျိုးကိုတော့ ရှောင်ပေးပါ။ ဆေးပြီး ရေခြောက်သွားတဲ့အခါ အစိုဓာတ်ဖြည့်တဲ့ Lotion တစ်မျိုးလိမ်းထားလိုက်တာ ပိုကောင်းပါတယ်နော်။

အုန်းဆီ


ခြေဖနောင့်ကွဲအက်ခြင်းအတွက် သဘာဝနည်းတစ်ခုကတော့ အုန်းဆီလိမ်းပြီး အစိုဓာတ်ပေးတာပါ။ အုန်းဆီရဲ့အာနိသင်က အစိုဓာတ်ပေးသလို ဆဲလ်အသစ်ဖြစ်စေတာကြောင့် အသားအရေကို ပြန်လည် စိုပြေလာစေပါလိမ့်မယ်။

Foot Mask ကပ်ပေးပါ


Foot Mask ကပ်ပေးတာကလည်း ခြေဖနောင့်အရေပြားခြောက်သွေ့ခြင်း သက်သာဖို့အတွက် နည်းလမ်းကောင်းပါပဲ။ သင့်အနေနဲ့ ဈေးကွက်ထဲက စိတ်ချရတဲ့ Foot Mask Product တွေဝယ်သုံးနိုင်သလို ကိုယ်တိုင်လုပ်မယ်ဆိုရင်တော့ ပျားရည်၊ ဒိန်ချဉ်၊ ဌက်ပျောသီးအခွံနဲ့ ရှားစောင်း Gel တို့ကိုရောပြီး ခြေထောက်မှာ မိနစ် ၂၀ လောက်လိမ်းကာ ပေါင်းတင်ပေးတာမျိုး လုပ်နိုင်ပါတယ်။

ခြေအိတ်ဝတ်ပါ


ညပိုင်းမှာ ရေခြောက်နေတဲ့ ခြေထောက်အသန့်ကို ခြေအိတ်စွတ်ပေးတာကလည်း အစိုဓာတ်မဆုံးရှုံးရအောင် ထိန်းသိမ်းပေးရာရောက်ပါတယ်။ ဒါကြောင့်မို့ အိပ်ရာဝင်ခါနီး ခြေထောက်အောက်ပိုင်းကို ၁၅ မိနစ်လောက် ရေနွေးနွေးမှာစိမ်ထားကာ ရေခြောက်အောင်သုတ်ပြီး ခြေအိပ်ဝတ်ပေးတာမျိုး လုပ်ကြည့်ပါ။

Photo Source: Pinterest

By MyStyle Myanmar