အရွယ်အစားသေးသေးလေးတွေနဲ့ သင်္ကေတ အမှတ်အသား တက်တူးတွေက ဒီနေ့ခေတ်မှာတော့ တခြားဒီဇိုင်းတွေထက် ပိုပြီးလူကြိုက်များလာကြပါတယ်။ ဒါကြောင့်လည်း စုံတွဲတွေ တစ်တွဲပြီးတစ်တွဲ အရင်တုန်းကလို ရိုးရာဆန်ဆန် လက်ထပ်လက်စွပ် သို့မဟုတ် စေ့စပ်လက်စွပ်တွေ ဝတ်မယ့်အစား တက်တူးထိုးလာကြတာပါ။

ဒီလိုမျိုး လက်စွပ်အစား တက်တူးထိုးလိုက်တာက နှစ်ဦးသားကြားက လျှို့ဝှက်ချက် အဓိပ္ပာယ်မျိုးသက်ရောက်စေနိုင်သလို ကိုယ့်ခန္ဓာကိုယ်မှာ အမြဲစွဲနေမှာဖြစ်လို့ လက်စွပ်လိုမျိုး နေရာအထားမှားလို့ ဆိုဒ်လွဲသွားလို့ ပျောက်သွားတာမျိုးတွေ ရှိတော့မှာမဟုတ်ပါဘူး။

ဒါဆိုရင်တော့ လက်စွပ်မဝတ်တော့ဘဲ တက်တူးထိုးပြီး အမှတ်တရအဖြစ် ဖန်တီးရယူထားတဲ့ စုံတွဲတွေရဲ့ ပုံရိပ်လေးတွေကို အတူတူကြည့်လိုက်ရအောင်နော်။

Image Source: BrightSide

By MyStyle Myanmar