တစ်ယောက်နဲ့တစ်ယောက် ချစ်ခြင်းမေတ္တာကို ဖော်ပြဖို့ ၊ အမှတ်တရဖြစ်နေဖို့အတွက် တခုခုရှာနေတယ်ဆိုရင် Couple Tattoo ထိုးဖို့စဥ်းစားကြည့်ပါ ။ နှစ်ယောက်အတူထိုးထားတဲ့ Tattoo ကို မြင်တိုင်း သင်နဲ့သင့်ချစ်သူကြားမှာ ရှိခဲ့တဲ့ ရီစရာ၊ ချစ်စရာ၊ ရိုမန်တစ်ဆန်တဲ့ အမှတ်တရတွေကို သတိရမိမှာပါ။ သင့်ရဲ့ ချစ်ခြင်းမေတ္တာကိုပြသဖို့ နက်နဲတဲ့အဓိပ္ပါယ်တွေရှိတဲ့ Couple Tattoo Ideas တွေကို ဝေမျှလိုက်ပါတယ်။

Bound By Bands

အိမ်ထောင်ပြုပြီး ကိုယ်ချစ်ရသူနဲ့ နှောင်ကြိုးကို ပြချင်ရင် ဒီတက်တူးကို သတိရလိုက်ပါ။

His And Her

စကားလုံးလေးလုံးနဲ့ သင့်နှောင်ကြိုးရဲ့ အတိမ်အနက်ကိုပြသချင်ရင် ဒီတက်တူးက အကောင်းဆုံးပါ။

Completing Each Other’s Sentences

ဆန်းကြယ်ပြီး ကျေနပ်စရာကောင်းတဲ့ ခံစားချက်ကိုဖော်ပြဖို့ဆို ဒီလိုလေးထိုးကြည့်ပါ။

I Love You

ဒီတတ်တူးကိုကြည့်လိုက်တိုင်း သင့်ချစ်ရသူကို အမြဲ သတိရနေမှာအသေချာပါ။

King And Queen

သရဖူတက်တူးလေးက မြင်တိုင်း သင်က သူရဲ့နှလုံးသားဘုရင်မဖြစ်ကြောင်း နေ့စဉ်အမှတ်ရနေမှာ အသေချာပါ။

We Are One

နှစ်ယောက်လုံး အတူတူရှိချိန်မှသာ ပြီးပြည့်စုံကြောင်း သိစေရဖို့ဆို ဒီတတ်တူးကိုရွေးပါ။

You Are My World

ကမ္ဘာမြေတက်တူးက ခွဲလို့မရတဲ့ ဒြပ်စင်ငါးခုရဲ့ပေါင်းစည်းမှုကို ညွှန်ပြထားတာမလို့ သင်တို့ရဲ့ခိုင်မာတဲ့နှောင်ကြိုးကို ကိုယ်စားပြုမှာပါ။