စုံတွဲတွေအနေနဲ့ ရန်ဖြစ်စကားများတဲ့အချိန်မှာ ဘယ်လောက်ပဲစိတ်ဆိုးနေပါစေ၊ ဘယ်လောက်ပဲဒေါသထွက်နေပါစေ နှစ်ယောက်စလုံး မလုပ်သင့်တဲ့အရာတွေ ရှိပါတယ်။

ဆဲဆိုခြင်း

ရန်ဖြစ်စကားများတိုင်း စိတ်တိုပြီးဆဲဆိုနေတာတွေက တစ်ယောက်နဲ့တစ်ယောက် ပိုပြီးဒေါသဖြစ်ရတယ်။ နာကျင်ရတယ်။ ပြန်တည့်သွားရင်တောင် င့ါကိုဒီလိုပြောခဲ့ပါလားဆိုတဲ့အတွေးကြီး ပြန်ပေါ်လာပြီး စိတ်ထဲခုနေတတ်ပါတယ်။ ဒါကြောင့် ဆဲဆိုတာမျိုးတွေ မလုပ်သင့်ပါဘူး။

လက်ပါခြင်း

ဘယ်လောက်ပဲ ဒေါသထွက်နေပါစေ လက်ပါတာမျိုး၊ ကိုယ်ထိလက်ရောက် လုံးဝမလုပ်ပါနဲ့။ စိတ်ဒဏ်ရာဖြစ်သွားပါလိမ့်မယ်။ တစ်ယောက်နဲ့တစ်ယောက် ပိုနာကျည်းလာပြီး ရေရှည်မှာ အဆင်မပြေနိုင်ပါဘူး။

မဆိုင်တာတွေထည့်ပြောခြင်း

စုံတွဲတော်တော်များများမှာ ရန်ဖြစ်စကားများရင် ပြဿနာတွေပိုကြီးလာရတဲ့ အကြောင်းအရင်းကတော့ မဆိုင်တာတွေပါ ထည့်ပြောလို့ပါပဲ။ ဒီပြဿနာကမပြီးသေးဘူး တခြားဟာတွေ၊ မဆိုင်တာတွေ၊ အရင်ကဖြစ်ပြီးခဲ့တာတွေကိုပါ ပြန်ပြောနေတာတွေကြောင့် ပြဿနာတွေပိုဆိုးလာဖို့ပဲ ရှိပါတယ်။

အရှက်ကွဲအောင်လုပ်ခြင်း

ချစ်လို့လက်တွဲနေကြပြီး ရန်ဖြစ်စကားများတာနဲ့ပဲ ကိုယ့်စိတ်ကိုမထိန်းပဲ တစ်ဖက်လူကို အရှက်ကွဲအောင်လုပ်တာတွေ၊ လူအများကြားမှာ မဆင်မခြင် ပြောဆိုဆက်ဆံတာမျိုးတွေ လုံးဝမလုပ်သင့်ပါဘူး။ တစ်ယောက်နဲ့တစ်ယောက် respect ထားသင့်ပါတယ်။

အရွဲ့တိုက်ပြီးနောက်တစ်ယောက်နဲ့ပတ်သက်ခြင်း

အဆိုးဆုံးကတော့ ရန်ဖြစ်စကားများထားလို့ တစ်ယောက်နဲ့တစ်ယောက် အရွဲ့တိုက်ပြီး နောက်တစ်ယောက်နဲ့ သွားပတ်သက်တာမျိုးတွေ လုံးဝမလုပ်သင့်ပါဘူး။ ဒါမျိုးကျတော့ သစ္စာမရှိရာကျပါတယ်။ ဘယ်လောက်ပဲစိတ်ဆိုးနေပါစေ ကိုယ်တွဲနေတဲ့ချစ်သူအပေါ်မှာ သစ္စာရှိသင့်ပါတယ်။ အရွဲ့တိုက်ချင်ရင်တောင်မှ တခြားလုပ်လို့ရတာတွေ အများကြီးရှိပါတယ်။