ချစ်သက်လက်ဆောင်တွေက စုံတွဲတွေကြား ကြည်နူးဖို့ ကောင်းတဲ့ အရာပါ။ အချစ်ရဲ့ အရသာက အချင်းချင်း ဂရုစိုက်ပေးခြင်း၊ တွေးပေးခြင်း၊ တန်ဖိုးထားခြင်း၊ နားလည်ပေးခြင်း၊ ကိုယ့်အချစ်ကို ထုတ်ပြတတ်ခြင်း စတဲ့ အရာတွေနဲ့ ဖြစ်တည်လေ့ရှိပါတယ်။

တချို့ ကောင်လေးတွေက ဒီကောင်မလေးကို ဘယ်လောက်ထိ တန်ဖိုးထားကြောင်း ကောင်မလေး မြင်အောင် လက်တွေ့ပြတတ်ကြပါတယ်။ ဒီထဲ Tattoo ထိုးတာလည်း ပါဝင်ပါတယ်။ ကောင်မလေး မွေးနေ့မှာ တက်တူးထိုးတာ၊ သူအဖြေပေးတဲ့ ရက်မှာ တက်တူးထိုးတာ စသဖြင့် အမျိုးမျိုး ချစ်ကြောင်း ပြတတ်ကြပါတယ်။ ဒီတစ်ခေါက်မှာတော့ Anni နေ့၊ အမှတ်တရနေ့တွေမှာ နှစ်ဦးလုံး တက်တူး ထိုးချင်ကြတဲ့ စုံတွဲတွေအတွက် အိုင်ဒီယာကောင်းတွေကို ဖော်ပြပါရစေ။

သူ့မှာ ကိုယ်တစ်ယောက်တည်းသာ ရှိကြောင်း၊ ကိုယ်ချစ်တဲ့ သူကလည်း သူတစ်ယောက်တည်း ဖြစ်ကြောင်း ပြဖို့ ဒီပုံစံလေးနဲ့ လုပ်နိုင်ပါတယ်။

နှစ်ဦးလုံးရဲ့ အချစ်က ခဏတာ အတွက် မဟုတ်ဘဲ တစ်ဘဝလုံးစာ ဖြစ်ကြောင်း ဒီလိုပြသနိုင်ပါတယ်။

ရာသက်ပန်ချစ်သွားမှာဖြစ်ကြောင်း ဒီလိုလေး ထိုးနိုင်ပါတယ်။

သူနဲ့ ကိုယ့်ရဲ့ အမှတ်တရ အဖြစ်ဆုံး Anni Date ကို ဒီပုံစံ ထိုးနိုင်ပါတယ်။

ကိုယ်တို့နှစ်ယောက်အချစ်က ဘယ်တော့မှ ပြီးဆုံးသွားမှာ မဟုတ်ဘူးဆိုတဲ့ အဓိပ္ပာယ်လေး

ကိုယ့်ရဲ့ လိုအပ်တဲ့ ကွက်လပ်ကို သူက ဖြည့်ပေးကြောင်း ပြသနေတဲ့ တက်တူးပုံစံ

ဘယ်လိုပဲဖြစ်ခဲ့ပါစေ သူ့အနားမှာ အမြဲ ရှိမှာဖြစ်ကြောင်း၊ သူ့ကိုပဲ ချစ်မှာ ဖြစ်ကြောင်း ဒီတက်တူးလေးနဲ့ သက်သေပြနိုင်ပါတယ်။

နှစ်ယောက် ပေါင်းမှ အဓိပ္ပာယ်တစ်ခု ရတဲ့ တက်တူးက အတူတူရှိတိုင်း ထူးခြားနေမှာပါ။

သူက ကိုယ့်အပိုင်၊ ကိုယ်က သူ့အပိုင် ဖြစ်ကြောင်း ဒီတက်တူးနဲ့ ကြေညာနိုင်ပါတယ်။

ကိုယ်က သူ့အသည်းနှလုံးလေး၊ သူက ကိုယ့်ရဲ့ ကာကွယ်သူကြီးဆိုတာ ဒီတက်တူးပုံစံက ပြောပြနေပါတယ်။

Photo Source: Pinterest

By MyStyle Myanmar