သင်တို့ချစ်သူနှစ်ယောက် ဓာတ်ပုံရိုက်တဲ့အခါ Pose အတွက် စဥ်စားရခက်နေပြီဆိုရင်တော့ ဒီလိုပုံစံလေးတွေကို စမ်းကြည့်သင့်ပါတယ်။ ရိုးရိုးရှင်းရှင်းလေးနဲ့ အမှတ်တရကောင်း တွေ ရရှိနိုင်မှာပါ။

ကောင်လေးရဲ့လည်ပင်းနားကို အသာလေး လှမ်းကိုင်လိုက်ပါ။

ကောင်လေးရဲ့ရင်ဘက်ပေါ် သင့်လက်ကလေး တင်ထားလိုက်ပါ။

ကောင်လေးရဲ့ခေါင်း အနောက်ဘက်ကို လှမ်းကိုင်လိုက်ပါ။

သင့်ခေါင်းကို ကောင်လေးရဲ့ပခုံးပေါ် တင်လိုက်ပါ။

အနောက်ကနေ ကောင်မလေးကိုပွေ့ဖက်လိုက်ပါ။

တယောက်ရဲ့ခါးကို တယောက်ကိုင်ထားပါ။

တစ်ယောက်နဲ့တစ်ယောက် လက်လေးချိတ်ထားပြီးလည်း ရိုက်လို့ရပါတယ်။

ကောင်လေးက ကင်မရာဘက်ကို ကျောပေးထားပြီး နောက်ပြန်လေးရိုက်ကြည့်လိုက်ပါ။

ပါးလေးနှစ်ဘက်ကို အသာလေးထိထားလိုက်ပါ။

နဖူးချင်းထိထားပြီးလည်း ရိုက်လို့ရပါသေးတယ်နော်။

ကျောချင်းကပ်ပုံစံလေးကတော့ ဘယ်တော့မှမရိုးတဲ့ပုံစံလေးပါ။

ဘေးချင်းကပ်ထိုင်ပြီး သူ့လက်မောင်းကို အသာလေးကိုင်ထားလိုက်ပါ။

လမ်းလျှောက်နေတဲ့ပုံစံလေးလည်း ရိုက်လို့ရပါတယ်။

ကိုရီးယားဆန်ဆန် ကျောပိုးပြီးလည်း ရိုက်လို့ရပါတယ်။

ရယ်မောနေတဲ့ပုံလေးကလည်း အမှတ်တမဲ့ကနေ အမှတ်တရဖြစ်သွားစေပါတယ်။