စုံတွဲရှိတာက ချစ်သူများနေ့ဆိုရင် ပျော်ဖို့ ကောင်းသလို မွေးနေ့တွေဆိုရင်လည်း ပျော်ဖို့ကောင်းပါတယ်။ ကိုယ့်ရဲ့ ခံစားချက်တွေကို အချင်းချင်း ရင်ဖွင့်လို့ရမယ့် အနီးဆုံး သူစိမ်းတစ်ဦး ပိုင်ဆိုင်ထားတာ ကံကောင်းမှု တစ်ခုလို့တောင် ပြောနိုင်ပါတယ်။ သင်က ရံဖန်ရံခါ ချစ်သူနဲ့ ဓာတ်ပုံရိုက်ဖူးမှာပါ။ အခုဖော်ပြထားတဲ့ ပုံရိပ်တွေကတော့ ဓာတ်ပုံရိုက်တဲ့အချိန် ပိုချစ်ဖို့ကောင်းပြီး လူတွေ ပိုအားကျစေမယ့် Couple Pose တွေ ဖြစ်ပါတယ်။ ဒီတော့ ကြည့်လိုက်ရအောင်နော်-

ပါးလေးကို မွှေးမွှေးပေးနေတဲ့ပုံစံ

မိန်းကလေးပုံကို မပြရဘဲ အရမ်းချစ်ကြောင်း ပြချင်တယ်ဆိုရင် “Hometown Cha-Cha-Cha” ဇာတ်လမ်းတွဲ ထဲက စုံတွဲလို ပို့စ်ဖန်တီးနိုင်ပါတယ်။

Mask တပ်ထားတဲ့အချိန်

နှစ်ယောက်လုံး Mask တပ်ထားတဲ့အချိန် ကောင်လေးက ကောင်မလေးရဲ့ ပခုံးပေါ် လက်တင်ပြီး တစ်ယောက် မျက်နှာ တစ်ယောက် ကြည့်နေနိုင်ပါတယ်။

တစ်နေရာရာ သွားတဲ့အခါ

သင်တို့ နှစ်ဦးက လက်တွဲပြီး ကိုယ်စိတ်ဝင်စားတဲ့ နေရာဆီ ကြည့်နေတဲ့ ပုံရိပ်ကို တခြားသူကို ရိုက်ခိုင်းတာမျိုး လုပ်နိုင်ပါတယ်။

မျက်နှာသိပ်မမြင်ရအောင်

နှစ်ယောက်လုံးရဲ့ မျက်နှာအောက်ဘက်မှာ ကင်မရာကို ထားပြီး အပေါ်စီးက ရိုက်တဲ့ ပုံစံကလည်း အိုင်ဒီယာကောင်းပါပဲ။

ပွေ့ဖက်ထားတာ

ကောင်လေးက နောက်က နေပြီး ကောင်မလေးကို ပွေ့ဖက်ထားတဲ့ ပုံစံက သိပ်ချစ်တဲ့ စုံတွဲတွေ အဖြစ် မြင်ရစေနိုင်ပါတယ်။

ကားပေါ်မှာ

ပုံထဲကလို ပို့စ်ပေးနိုင်သလိုပဲ တခြားပုံစံလေးတွေပါ ကိုယ် အိုင်ဒီယာ ကောင်းရင် ကောင်းသလို ဖန်တီးနိုင်မယ့် ကားပေါ်က ပို့စ်ပေးနည်းပါ။

ပွေ့ချီမယ်

မင်းသမီးလေးကို မင်းသားလေးက ပွေ့ချီထားတဲ့ ပုံစံနဲ့ တူစေမယ့် ပို့စ်ပေးနည်း ဖြစ်ပါတယ်။

အတူတူ ကမယ်

နှစ်ယောက် အတူတူ ကရင်း ရယ်နေတဲ့ပုံစံလေးက သဘာဝ ကျတဲ့အပြင် ကြည့်တဲ့သူကို ကြည်နူးစေပါလိမ့်မယ်။

အောက်ဘက် ငုံ့ကြည့်မယ်

နှစ်ယောက်အတူ လက်တွဲကာ အောက်ငုံ့ကြည့်နေတဲ့ ပုံစံလေးက လူငယ်ဆန်ပြီး ချစ်ဖို့ကောင်းပါတယ်။

Photo Source: Pinterest

By MyStyle Myanmar