သင်က ချစ်ရသူတစ်ယောက် ပိုင်ဆိုင်ထားတယ်ဆိုရင် အင်မတန် ကံကောင်းသူပါ။ အခုခေတ်မှာ စိတ်ဝင်စားမှုတွေ အမျိုးမျိုး ပေါ်ပေါက်လာတာကြောင့် ရည်းစားတစ်ယောက် ရဖို့ဆိုတာ မလွယ်ကူလွန်းတဲ့ အချိန်အခါကို ရောက်လာပါပြီ။ တချို့ကျတော့လည်း အချစ်ရေးကို ခေါင်းထဲ မထည့်ချင်လို့ကို ရည်းစားမထားတာပါ။ ဒါပေမဲ့ ဒီလိုသူတွေလည်း တစ်ခါတလေ အထီးကျန်တတ်ပြန်ပါတယ်။

ဒါကြောင့်ပဲ ချစ်ရသူကို ပိုင်ဆိုင်ထားတဲ့သင်က ကံကောင်းသူ ဖြစ်နေတာပါ။ သင်က ချစ်သူနဲ့ ဓာတ်ပုံလှလှလေးတွေ အမှတ်တရ ရိုက်ဖူးလား။ ဓာတ်ပုံလှလှလေး ရဖို့ နှစ်ယောက်လုံး ချောနေစရာ၊ ကြည့်ကောင်းနေစရာ မလိုပါဘူး။ တစ်ဦးနဲ့ တစ်ဦး ချစ်ခြင်းမေတ္တာ အပြည့်နဲ့ ကြည့်တတ်တဲ့ မျက်ဝန်းတွေ၊ အပြုံးတွေ၊ ပျော်ရွှင်မှုတွေကိုသာ ဓာတ်ပုံထဲ မျှဝေနိုင်ရင် ဘယ်လိုပဲဖြစ်ဖြစ် လိုက်ဖက်တဲ့ အတွဲ ဖြစ်နေဦးမှာပါ။ ဒီတစ်ခေါက်မှာတော့ အလှဓာတ်ပုံ ရိုက်ချင်တဲ့ စုံတွဲတွေအတွက် ဓာတ်ပုံထဲမှာ ပိုလှသွားစေမယ့် ဝတ်ဆင်ပုံ ဖက်ရှင်တွေကို ဖော်ပြပါရစေ။

အပြာနဲ့ ပန်းရောင်က လိုက်ဖက်တဲ့ အရောင်ပါ။ သင့်ကောင်လေးက အပြာဝတ်ထားရင် သင်က ပန်းရောင်လေး ဝတ်သင့်ပြီး ပန်းကလေးနဲ့ ကောင်းကင်ကြီးကို ကိုယ်စားပြုနေမှာပါ။

အဝတ်အစား အရောင်ကို တူတာလေး တိုက်ဝတ်တာက လိုက်ဖက်ကြောင်းကိုတော့ သင်သိပြီးသား ဖြစ်မှာပါ။

အင်္ကျီအပြင် ထပ်တိုက်ဝတ်လို့ ရတာကတော့ နေကာမျက်မှန်ပါ။ နေကာ မျက်မှန်ဆင်တူက သင်တို့ နှစ်ယောက်ကို ခပ်မိုက်မိုက် စုံတွဲ ဖြစ်စေပါတယ်။ ကင်မရာရှေ့ ယုံကြည်မှု ရှိရှိနေဖို့တော့ မမေ့သင့်ပါဘူး။

အရောင်မတူတဲ့ အင်္ကျီအကွက် ဆင်တူလေးတွေကလည်း အတူတူ ဝတ်လိုက်ရင် ကြည့်ကောင်းတဲ့အထဲ ပါဝင်ပါတယ်။

အရောင်ဆင်တူကိုမှ ပုံစံ၊ အကွက်မတူတဲ့ အဝတ်အစားတွေကလည်း စုံတွဲတွေအတွက် သင့်တော်ပါတယ်။

အပေါ်အောက် အရောင်ပြောင်းပြန်တွေကလည်း မိုက်နေဦးမှာပါ။

အနွေးထည် ဆင်တူလေးတွေကလည်း ချစ်ဖို့ ကောင်းတဲ့ စုံတွဲပုံစံ ပိုင်ဆိုင်စေပါတယ်။

Photo Source: Pinterest

By MyStyle Myanmar