၂၁ ရာစုမှာတော့ တက်တူးထိုးတာနဲ့ ပတ်သက်ပြီးလူတွေက အမြင်တွေက တစ်ဖြည်းဖြည်းနဲ့ပြောင်းလဲလာခဲ့ကြပါပြီ။ တက်တူးထိုးတာကလည်း ကိုယ့်ခန္ဓာကိုယ်ပေါ်မှာ အနုပညာတစ်ခုအနေနဲ့ပန်းချီရေးဆွဲကြတာဖြစ်ပါတယ်။ တက်တူးထိုးတဲ့အခါမှာလည်း ကိုယ့်ကိုထိုးပေးမဲ့ ဆေးအကြောင်းကိုလည်း သေချာလေးမေးစေချင်ပါတယ်။ တက်တူးအပေါ်ရူးသွပ်ကြတဲ့သူတွေကတော့ တက်တူးထိုးရရင် နာကျင်မှုကိုတောင် မမှုတော့ဘူးလို့လည်း ပြောကြပါတယ်။ ကိုယ့်ရဲ့ငယ်ဘဝက ပုံရိပ်လေးကိုပဲဖြစ်ဖြစ် မိသားစုနဲ့ပတ်သက်တဲ့အမှတ်တရလေးတွေကိုပဲဖြစ်ဖြစ် မွေးနေ့ရက်စွဲလေးတွေကိုပဲဖြစ်ဖြစ် ထိုးကြပါတယ်။ ခန္ဓာကိုယ်ပေါ်မှာ တစ်သက်လုံးစွဲသွားမဲ့ ပန်းချီကားတစ်ချပ် ဖြစ်တဲ့အတွက် မထိုးခင်မှာသေချာဆုံးဖြတ်ပြီး လေ့လာစေချင်ပါတယ်။

Couple Tattoo လေးတွေထိုးချင်တယ်။ ဒါပေမဲ့ ဘာထိုးရင်ကောင်းမလဲဆိုပြီး စဥ်းစားရခက်နေတဲ့ အတွဲလေးတွေရှိလား။ Couple Tattoo ဆိုတဲ့အတိုင်း နှစ်ယောက်ဆင်တူဖြစ်ချင်ပြီး တစ်သက်လုံးလက်တွဲသွားမယ်ဆိုပြီး ရည်ရွယ်ထားတဲ့စိတ်နဲ့  အသားအနာခံပြီးထိုးကြတာဖြစ်ပါတယ်။ နှစ်ယောက်ကြားထိုးမဲ့ Tattoo ကလည်း ချစ်စရာကောင်းပြီး တစ်ခြားသူတွေအားကျရလောက်တဲ့ပုံစံလေးတွေ ဖြစ်ဖို့တော့လိုတယ်နော်။ Couple Tattoo လေးတွေက Tiny ဖြစ်ပြီး နှစ်ယောက်ကြားမှာရှိတဲ့ အဓိပါယ်ကိုဖော်ပြတဲ့ Tattoo ပုံစံလေးတွေဖြစ်ပါတယ်။နှစ်ယောက်သားရဲ့ တစ်ယောက်နဲ့တစ်ယောက်မွေးနေ့အပြန်အလှန်ထိုးတာမျိုး ဖြစ်ဖြစ်ချစ်စရာကောင်းပါတယ်။

Photo Source – Pinterest