ဒီကမ္ဘာမှာ အလှပဆုံးအရာက ချစ်ခြင်းမေတ္တာပါပဲ။ သားသမီးနဲ့ မိဘအချစ်၊ မောင်နှမအချစ်၊ ချစ်သူရည်းစားတွေရဲ့ အချစ် စသဖြင့် ချစ်ခြင်းတွေစုံလင်စွာ ရှိပါတယ်။ လူသားတွေက သူတို့ ချစ်ကြောင်းကိုလည်း နည်းလမ်းမျိုးစုံနဲ့ပြသတတ်ကြပါတယ်။

ဒီတခါမှာတော့ အရမ်းလည်းချစ်ကြသလို အရမ်းလည်း Ro ကြတဲ့ ချစ်သူစုံတွဲတွေအတွက် ချစ်သူများနေ့ရောက်လို့ အပြင်မှာ ဒိတ်ကြတဲ့အခါ အရမ်းချစ်စရာကောင်းနေစေမယ့် စုံတွဲဖက်ရှင်လေးတွေကို မျှဝေပေးချင်ပါတယ်။

နှစ်ယောက်အတူတူ အပြင်မှာ ဒိတ်ကြတဲ့အခါ အဝတ်အစား ဆင်တူလေးတွေဝတ်ပြီး သွားကြတာဟာ သိပ်ကိုချစ်စရာကောင်းပါတယ်။ နှစ်ယောက်ကြားမှာလည်း အမှတ်တရဖြစ်စေသလို မြင်သူတိုင်းကိုလည်း ချစ်သူနှစ်ဦးရဲ့ အပျော်တွေလည်း ကူးစက်စေပါတယ်။

အရမ်းလည်းချစ်ကြပြီး စိတ်ကူးယဉ်ဆန်ကြတဲ့ချစ်သူစုံတွဲတွေအတွက် ဖက်ရှင်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။

Image Source: Pinterest