ဒီကမ္ဘာမှာ အလှပဆုံးအရာက ချစ်ခြင်းမေတ္တာပါပဲ။ သားသမီးနဲ့ မိဘအချစ်၊ မောင်နှမအချစ်၊ ချစ်သူရည်းစားတွေရဲ့ အချစ် စသဖြင့် ချစ်ခြင်းတွေစုံလင်စွာ ရှိပါတယ်။ လူသားတွေက သူတို့ ချစ်ကြောင်းကိုလည်း နည်းလမ်းမျိုးစုံနဲ့ပြသတတ်ကြပါတယ်။

ချစ်သူတွေကြားထဲ ချစ်ခြင်းကို ပြသတဲ့ အရာကတော့ သူပိုင်ကိုယ်ပိုင် သတ်မှတ်တာပါပဲ။ ချစ်ပြီးတွဲပြီးတဲ့နောက်သူဟာ ကိုယ့်အပိုင်ဆိုတဲ့ အရာက ငြိမ့်ငြိမ့်လေးနဲ့ ကြည်နူးစရာကောင်းပါတယ်။ ဒီလို ပိုင်ဆိုင်မှုကို ပြသတဲ့ အနေနဲ့ဆင်တူ ဆွဲကြိုးတွေ၊ ဆင်တူ လက်စွပ်တွေ၊ Social Media ပေါ်မှာ Cover Photo တွေ ထားကြတာပါ။ ဒီတစ်ခေါက်မှာတော့ သင်နဲ့ သင့်ချစ်သူ ဆင်တူဝတ်နိုင်မယ့် Fashion Accessories တွေကို ဖော်ပြပါရစေ။

၁။ Couple ဆွဲကြိုးတွေ

ဆင်တူလော်ကတ်သီးလေးတွေပေါ် သင်တို့နှစ်ဦး နာမည် အစနဲ့ အတွင်းမှာ ဓာတ်ပုံထည့်တာကလည်း စိတ်ကူးယဉ်ဆန်ဆန်လေးနဲ့ လှပါတယ်။

သင်တို့နှစ်ဦးလုံးက Game အတူတူဆော့ပြီး Game ဆော့ရတာ နှစ်သက်ရင် ဒါလေးက Idea ကောင်းပါပဲ။

ဒီ သွေးထည့်ရတဲ့ ဆွဲကြိုးကတော့ စုံတွဲတွေကြား ရေပန်းစားနေတဲ့ဆွဲကြိုးပါ။ သတ္တိကောင်းတဲ့ ချစ်သူတွေ စမ်းကြည့်သင့်ပါတယ်။

နှစ်ခုပေါင်းမှ တစ်ခုတည်း ပုံစံပေါ်တဲ့ ဆွဲသီး အလုံးတွေ၊ အသည်းနှလုံးပုံစံ ဆွဲကြိုးတွေကလည်း သင်တို့ကိုRomantic ဆန်စေမှာပါ။

တစ်ခုချင်းစီ ဆန့်ကျင်ဘက် အင်အားရှိပေမယ့် နှစ်ခုပေါင်းမှ ဖြည့်ဘက်အနေနဲ့  လိုက်ဖက်သွားတဲ့ နေနဲ့လ၊ သော့နဲ့သော့ခလောက် စတာတွေကလည်း Idea ကောင်းပါပဲ။

၂။ Couple Rings

ကောင်လေးတစ်ယောက်ရဲ့ လိုအပ်နေတဲ့ ကွက်လက်ကို ကောင်မလေးက ဖြည့်ပေးတဲ့ လက်စွပ် Idea က စိတ်ကူးယဉ်ဆန်ပါတယ်။

နှစ်ယောက်လုံး Powerful ဖြစ်ကြောင်းကို King and Queen လက်စွပ်က သက်သေပြပေးမှာပါ။

Player 1 and Player 2

လက်စွပ်ကိုမှ ဒီဇိုင်းလှလှလေးတွေ

၃။ Couple Handchain

ဆန့်ကျင်ဘက်ပေမယ့် ပါရမီဖြည့်ဘက်တွေ ဖြစ်တဲ့ Ying and Yang

ခွဲမရတဲ့ Couple Handchain

လက်ထိပ်နဲ့ ထာဝရသိမ်းပိုက်လိုက်ပြီ။

အနက်နဲ့ အဖြူကိုမှ သဘောကျတဲ့ စုံတွဲတွေအတွက်

သင်ကကော သင့်ချစ်သူနဲ့ ဘယ်လိုပုံစံလေး ဝတ်မလဲ ပြောပြခဲ့ပါဦး။

Photo Source: Pinterest

By MyStyle Myanmar