မျက်နှာပေါ်က ဆားဝက်ခြံဆိုတာ တကယ့်ကိုစိတ်ရှုပ်စေတဲ့ ရန်သူဆိုပေမယ့် ကြောက်စရာတော့မဟုတ်ပါဘူး။ Blackhead လို့ခေါ်တဲ့ ဆားဝက်ခြံဆိုတာ ဝက်ခြံအမျိုးအစားတမျိုးပါပဲ။

ဒါပေမယ့်သူက ဝက်ခြံလို အပေါ်က ဖုံးထားတဲ့ အရေပြားလွှာမရှိလို့ ညစ်ထုတ်စရာမလိုပါဘူး ချွေးပေါက်ထဲမှာ အဆီနဲ့အညစ်အကြေးတွေ စုနေတာကို ဖယ်ရှားပေးဖို့ပါပဲ။

ဒါဆို အခုပြောပြပေးမယ့် နည်းလမ်းတွေက ဆားဝက်ခြံဖြစ်စေတဲ့ အဆီနဲ့အညစ်ကြေးတွေကို ဖယ်ရှားနိုင်မယ့် နည်းလမ်းတွေပါ။

(၁) Exfoliate လုပ်ပါ

ပထမဆုံးအနေနဲ့ မျက်နှာကို Exfoliate လုပ်ပေးရပါမယ်။ Exfoliate လုပ်တယ်ဆိုတာ အရေပြားပေါ်က ချွေးပေါက်တွေထဲမှာ စုပုံနေတဲ့ ဆဲလ်အသေတွေကို ဖယ်ရှားတာပါ။ အကျိုးရလဒ်ကတော့ အသားအရေကိုကျန်းမာစေပြီး လေဝင်လေထွက်ကောင်းအောင်ကူညီပေးပါတယ်။

ဆဲလ်အသေတွေကိုဖယ်ရှားဖို့ Exfoliate Cream တခုခုသုံးတဲ့အခါ Salicylic Acid ပါတာမျိုးကို သုံးပေးပါ။ Exfoliate Cream တွေကိုတော့ စူပါမားကတ်တွေမှာ ကိုယ်ကြိုက်တဲ့တံဆိပ်မေးပြီး ဝယ်လို့ရပါတယ်။

(၂) Moisturizer (အစိုဓါတ်) လိမ်းပါ

Moisturizer(အစိုဓါတ်) ကို တစ်နေ့မှာ နှစ်ကြိမ်ပုံမှန်လိမ်းပေးဖို့ လိုပါတယ်။ ဒါပေမယ့် တစ်ခုသတိထားရမှာက Exfoliate လုပ်မယ်ဆိုရင် လုပ်ပြီးမှသာ Moisturizer ကို လိမ်းပေးရပါမယ်။

Moisturizer လိမ်းပြီးမှ Exfoliate လုပ်မယ်ဆိုရင် အဆီနဲ့ဆဲလ်အသေတွေကို ကောင်းကောင်းဖယ်နိုင်မှာမဟုတ်ပါဘူး။ အစိုဓါတ်ထိန်းပေးတာက ချွေးပေါက်ကျယ်စေခြင်းကို ကာကွယ်ပေးတဲ့အတွက် ချွေးပေါက်အတွင်းအဆီနဲ့အညစ်အကြေးတွေဝင်တာကို သက်သာစေပါတယ်။

(၃) ချွေးပေါက်ကျဉ်းအောင်လုပ်ပါ

နောက်တဆင့်အနေနဲ့ မျက်နှာပေါ်က ချွေးပေါက်တွေကို ကောင်းကောင်းသန့်စင်ပြီးပြီဆိုရင် အညစ်အကြေးတွေ အဆီတွေထပ်မဝင်အောင် ကျယ်နေတဲ့ချွေးပေါက်တွေကိုပြန်ကျဉ်းပေးရပါမယ်။

Retinoid ပါတဲ့ Cream တခုခုလိမ်းပေးတာက မျက်နှာပေါ်ကချွေးပေါက်တွေကို ပြန်ကျဉ်းပေးနိုင်ပြီး နောက်ထပ် Blackhead တွေဖြစ်မလားအောင် တားဆီးပေးနိုင်တဲ့အကောင်းဆုံးနည်းလမ်းတခုပါ။

(၄) Mask အသုံးပြုပေးပါ

နောက်ဆုံးအဆင့်ကတော့ အားလုံးပြီးတဲ့ အခါ Mask (အသားအရေထိန်းမျက်နှာဖုံး) ကပ်ပေးဖို့ပါ။ Blackhead တွေအတွက် အကောင်းဆုံး Mask ကတော့ Charcoal Mask (ကျောက်မီးသွေးနဲ့ပြုလုပ်ထားတဲ့) ပါ။ ချွေးပေါက်ထဲက အညစ်အကြေးနဲ့ အဆီတွေကိုအကောင်းဆုံး ဖယ်ရှားနိုင်ဖို့ တပတ်ကိုနှစ်ကြိမ်ပြုလုပ်ပေးဖို့ လိုပါတယ်။