အလှကုန်ပစ္စည်းတိုင်းက အသားအရေအလှအပကို ကူညီထောက်ပံ့ပေးဖို့ ထုတ်လုပ်ထားတယ်ဆိုပေမယ့်လည်း အလှကုန်ပစ္စည်းတိုင်းက မိမိအသားအရေနဲ့ မတည့်တာကြောင့် သေချာရွေးချယ်အသုံးပြုသင့်ပါတယ်။

အဲ့ဒီများပြားလှတဲ့ အလှကုန်တွေထဲကမှ အရေပြားဆရာဝန်တွေက မသုံးစွဲဖို့တားမြစ်ထားတဲ့ အလှကုန်ပစ္စည်းတွေရှိပါတယ်။

ဘော်ဒီလိုးရှင်းနဲ့ လက်အတွက်လိုးရှင်းများ

လိုးရှင်းတွေမှာ ရေဓာတ်ပါဝင်မှုများစွားပါဝင်ပြီးတော့ အသားအရေမခြောက်ဖို့အတွက် သင့်တော်ပါတယ်။ ဒါပေမဲ့ လိုးရှင်းထက်စာရင် ခရင်မ်တွေက အသားထဲပိုစိမ့်ဝင်နိုင်တာကြောင့် ခရင်မ်များကိုသာ အသုံးပြုသင့်ပါတယ်။

Sunscreen စပရေးများ

စပရေးများကိုဖြန်းတဲ့အခါ အရေပြားပေါ်မရောက်ဘဲ သူ့ရဲ့အာနိသင်ကပြယ်သွားတဲ့အပြင် အသားထဲထိစိမ့်မဝင်နိုင်ပါဘူး။ ပြီးတော့ နေရာင်ကာခရင်မ်လိုမျိုး ခရမ်းလွန်ရောင်ခြည်ဒဏ်ကို မကာကွယ်ပေးနိုင်ပါဘူး။

ခြေထောက်ပေါင်းတင်ဆေးများ

အရေပြားအထူးကုဆရာဝန်များက ခြေထောက်ပေါင်းတင်ဆေးများသုံးစွဲဖို့ကိုလည်း အားမပေးပါဘူး။ ခြေထောက်ပေါင်းတင်ဆေးများအစား ခရင်မ်များကိုသာ အသုံးပြုပေးခြင်းအားဖြင့် ခြေဖနောင့်အသားမာတက်ခြင်းမှ ကင်းဝေးပြီး ခြေဖဝါးလေးများကို နူးညံ့စေပါတယ်။

အမဲရောင် မျက်နှာပေါင်းတင်ဆေး

အမဲရောင်မျက်နှာပေါင်းတင်ဆေးများက အသားအရေကို ထိခိုက်ပျက်စီးစေပြီး အရေပြားတည်ဆောက်မှုကို ပျက်စီးစေပါတယ်။ သူတို့ထဲမှာပါတဲ့ ပါဝင်ပစ္စည်းများက အရေပြားဆဲလ်များ၊ သဘာဝအဆီများနဲ့ အမွှေးအမျှင်များကို ဖယ်ရှားပစ်လိုက်လို့ပါပဲ။

အုန်းဆီ

အုန်းဆီက ဆံကေသာအတွက်ကောင်းမွန်ပေမယ့် မျက်နှာထိန်းသိမ်းစောင့်ရှောက်ဖို့အတွက်ဆိုရင်တော့ ရွေးချယ်မှုကောင်းတစ်ခုမဟုတ်ပါဘူး။ အုန်းဆီကို မျက်နှာအတွက်အသုံးပြုတဲ့အခါ မျက်နှာအဆီပြန်ခြင်းဖြစ်ပေါ်စေပါတယ်။ ချွေးပေါက်လေးတွေ ပိတ်သွားပြီး အမဲစက်နဲ့ ဝက်ခြံတွေ ဖြစ်လာပါတော့တယ်။ ပျိုမေလေးတို့လည်း အခုဖော်ပြပေးသွားတဲ့ အလှကုန်ပစ္စည်းတွေကို အသုံးပြုတယ်ဆိုရင် ချက်ချင်းရပ်လိုက်ကြပါတော့နော်။

Source: Brightside.me