လူတိုင်းလူတိုင်း ပိုင်ဆိုင်ကြတဲ့ဘဝထဲမှာ တန်ဖိုးထားချစ်ခင်ရတဲ့ ချစ်သူ၊ ခင်သူတွေ အမြောက်အများရှိကြပါတယ်။ ဒီလိုကိုယ်တန်ဖိုးထားမြတ်နိုးရသူတွေ ဆုံးရှုံးရတဲ့အခါမှာ ဖြေမဆည်နိုင်အောင် ဝမ်းနည်းကြေကွဲကြရမှာဖြစ်ပါတယ်။

ဖြစ်ခြင်း၊ ပျက်ခြင်းတရားတွေကို နားလည်ဖို့ကြိုးစားပါ

Source: Freepik

လောကရဲ့ ဓမ္မတာတစ်ခုဖြစ်တဲ့ ဖြစ်ခြင်းနဲ့ပျက်ခြင်းတွေကို သိရှိနားလည်ပါစေ။ ဖြစ်တည်ခြင်းတွေကို ပျော်ရွှင်စွာတွေ့ဆုံပြီးရင် ပျက်ဆီးခြင်းတွေတွေ့ဆုံရချိန်မှာ ခံနိုင်ရည်ရှိဖို့လိုအပ်တယ်လေ။

အမြဲမေတ္တာတရားနဲ့အဖော်ပြုပါ

မိသားစုဝင်တစ်ဦးဦး ဆုံးရှုံးသွားရင်ဖြစ်စေ၊ ကိုယ့်ချစ်သူ၊ မိတ်ဆွေ၊ သူငယ်ချင်းတစ်ဦးဦး ဆုံးရှုံးသွားရင်ဖြစ်စေ၊ ပူဆွေးသောကတွေနဲ့ အချိန်မကုန်ပါစေနဲ့။ ဆုံးရှုံးသွားသူတွေအပေါ်အမြဲမေတ္တာပို့နေခြင်းဖြင့် မေတ္တာတရားတွေနဲ့ အဖော်ပြုပျော်ရွှင်နေပါစေ။

ဘယ်အရာကိုမှမဆုပ်ကိုင်ထားပါနဲ့

လောကကြီးမှာ ကိုယ်ပိုင်တဲ့အရာက တစ်ခုမှမရှိပါဘူး။ ဒါကိုသိနားလည်ပြီး ဘယ်သူ့အပေါ်ကိုမဆို၊ ဘယ်ပစ္စည်းဥစ္စာအပေါ်ကိုမဆို အမြဲကိုယ်ပိုင်တယ်၊ ဆိုင်တယ်ဆိုတဲ့ အစွဲကြီးတဲ့စိတ်တွေနဲ့ မဆုပ်ကိုင်ထားပါနဲ့။ တချိန်မှာ ကိုယ့်အတွက်ပူလောင်မှုတွေ ဖြစ်လာစေနိုင်ပါတယ်။