အခုနောက်ပိုင်း ကင်မရာနဲ့ Selfie ဆွဲနိုင်မယ့် အိုင်ဒီယာတွေက အမျိုးမျိုး ပေါ်လာပါပြီ။ အရင်လို ကင်မရာရှေ့ ပြုံးတာ၊ နှုတ်ခမ်းဆူတာအပြင် တခြားလုပ်နိုင်မယ့် နည်းလမ်း အမျိုးမျိုး ရှိပါတယ်။ ကိုယ် ဖန်တီးအား ကောင်းရင် ကောင်းသလို Selfie ပုံလှလှလေးတွေ ရနိုင်ပါတယ်။ သင်က လူငယ်မိန်းကလေး တစ်ယောက်ဆိုရင် သင့်ရဲ့ Social Media Account ပေါ်မှာ ခပ်မိုက်မိုက် Selfie ပုံလှလှလေးတွေကို တင်ချင်မှာပါ။ ဒါဆိုရင်တော့ ဒီထဲ ပြောထားတဲ့ ပို့စ်ပေးနည်းတွေက အမိုက်စားတွေ ဖြစ်ပါလိမ့်မယ်။ ဒီတော့ ကြည့်လိုက်ရအောင်နော်-

၁။ Ok ပုံစံလေး လုပ်ပြီး မျက်လုံးတစ်ဘက်ကို ဝိုင်းထားမယ်

ဒီပုံစံလေးက လုပ်ရလွယ်သလို လူငယ်ဆန်တဲ့ ပို့စ်ပုံစံလေး ဖြစ်ပါတယ်။ လူငယ်မိန်းကလေးတိုင်း စမ်းကြည့်သင့်တဲ့ ပို့စ်ပုံစံပါ။

၂။ လက်နဲ့ ကာပြီး လက်ကြားထဲက ခိုးကြည့်မယ်

ရှက်လို့ မျက်နှာကို လက်နဲ့ ဖုံးလိုက်တာကနေ လက်ချောင်းလေးတွေကို ခွာကာ ခိုးကြည့်တဲ့ Selfie Pose လေး လုပ်နိုင်ပါတယ်။

၃။ လက်ကလေးတွေကို ကားထားမယ်

ပုံထဲကလို Cute ပုံစံလေး လိုချင်ရင် လက်ကလေးကို ကြက်ကလေးလို ကားကားလေး လုပ်နိုင်ပါတယ်။

၄။ Mirror Selfie

ဒါကတော့ ပုံမှန် Mirror Selfie ပါ။ ဒါကို ထူးခြားချင်ရင် မျက်မှန်တပ်နိုင်ပြီး သင့် ဖုန်း Cover မှာ သင်ကြိုက်တဲ့ Idol, အနုပညာရှင်ပုံထည့်ပြီး ကြွားနိုင်ပါသေးတယ်။

၅။ အပေါ်စည်းကနေ Selfie ဆွဲမယ်

လမ်းလျှောက်ရင်း လမ်းနဲ့ အတူ သင့်မျက်နှာလေးပါ ပေါ်ချင်ရင် ဒီလို အပေါ်စည်းကနေ Selfie ဆွဲနိုင်ပါတယ်။

၆။ ခေါင်းပေါ်မှာ အသီးလေး တင်မယ်

ချစ်ဖို့ကောင်းတဲ့ ကလေးလေး ပုံစံလိုချင်ရင် လုပ်နိုင်မယ့် ပို့စ်ပါ။

၇။ တစ်ခုခု သောက်ရင်း

သင်က သောက်နေတဲ့ ခွက်လေးပါ ပေါ်စေချင်ရင် ဒီလို Selfie ဆွဲနိုင်ပါတယ်။

၈။ မုန့်နဲ့ မျက်နှာကို ကာထားမယ်

သင်စားနေတဲ့ မုန့်က Aesthetic ဆန်တယ်ဆိုရင် ဒီလို မျက်နှာရှေ့မှာ မုန့်ကို ထားပြီး Selfie Pose ဖန်တီးနိုင်ပါတယ်။

၉။ မှေးထောက်ရင်း မျက်စိမှိတ်မယ်

မျက်နှာကို မှေးထောက်ပြီး မျက်လုံးလေး မှိတ်နေတဲ့ စတိုင်က လူငယ်ဆန်ပါတယ်။

၁၀။ Sexy ကျကျ

သင်က ဆွဲဆောင်မှုရှိရှိ Selfie ဆွဲချင်ရင် ပခုံးသားလေးကို ဦးစားပေးပြီး ဆွဲနိုင်ပါတယ်။

၁၁။ ရယ်နေမယ်

ကင်မရာကို ရှေ့က ထားပြီး ခေါင်းလေးစောင်းကာ ရယ်နေတဲ့ပုံစံလေးက အပြစ်ကင်းစင်ပါတယ်။

၁၂။ Front Camera Mirror Selfie

ဒီ စတိုင်ကတော့ လက်ရှိ ရေပန်းစားနေတဲ့ ပို့စ်အသစ်ပါ။ သင့် ဖုန်းကို Front Camera ထားပြီး မှန်ကြည်ကြည်ရှေ့မှာ Selfie ဆွဲရမှာပါ။

၁၃။ ပြောင်းပြန် Selfie

သင်က ထူးထူးဆန်းဆန်း Selfie ပုံလေး လိုချင်ရင် ခန္ဓာကိုယ်ကို ပြောင်းပြန် Selfie ဆွဲနိုင်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar