သင်က သင့်ပုံစံကို ပြောင်းလဲချင်တယ်ဆိုရင်တော့ ဆံပင်ကောက်သင့်ပါတယ်။ ဆံပင်ကောက်လိုက်တဲ့အခါ သင့်ပုံစံက ပိုရင့်ကျက်တယ်၊ ပိုတည်ငြိမ်တယ်လို့ ထင်ရစေပါတယ်။ သင့်ဆံပင်အရှည်က ရင်ဘတ်ကျော်နားလောက် ရောက်ပြီဆိုရင်တော့ ဆံပင်ကောက်ဖို့ အကောင်းဆုံး အချိန်ပါပဲ။ ဆံပင် Hair Saloon ကို မသွားခင် ကိုယ်ကောက်ချင်တဲ့ ပုံစံလေးကို ကြိုသိထားရင် ဆံပင်ပညာရှင်နဲ့ တိုင်ပင်ရတာ ပိုကောင်းပါတယ်။

ဆံပင်ကောက်တဲ့အခါ အရောင်လေး ထည့်လိုက်ရင်တော့ သင့်ပုံစံကို ပိုထင်းသွားစေပါတယ်။ ဆံပင်အနက်လေးနဲ့ ဆိုရင်လည်း တည်တည်ငြိမ်ငြိမ်နဲ့ လှနေဦးမှာပါ။ ဒီတော့ သင့်ကို အမြင်မရိုင်းသွားစေဘဲ ယဉ်ယဉ်လေးနဲ့ လှမယ့် ဆံပင်အရောင်နဲ့ ဆံပင်ကောက်သားပုံစံတွေကို ကြည့်လိုက်ရအောင်နော်-

Photo Source: Pinterest

By MyStyle Myanmar