လက်သည်းပုံဖော်ရတာဝါသနာပါတဲ့ မိန်းကလေးတွေအတွက် ဒီတစ်ခါမှာတော့ ဒီဇိုင်းဆန်းပြီး မိန်းကလေးဆန်ဆန်နဲ့ အရမ်းလှတဲ့ လက်သည်းဒီဇိုင်းတွေကို မျှဝေပေးလိုက်ပါတယ်။ အရမ်းလှတဲ့ ဒီဇိုင်းလေးတွေ ဖြစ်တာကြောင့် ပွဲတက်အတွက် ပြင်ဆင်မယ်ဆိုလည်း အရမ်းအဆင်ပြေပါတယ်။ မိန်းကလေးတိုင်းသဘောကျမယ့် ဒီဇိုင်းလေးတွေ ဖြစ်မှာပါ။

ဒီလက်သည်းဒီဇိုင်းနဲ့ အရောင်လေးဆိုရင် Wedding အတွက် ပုံဖော်မယ်ဆိုရင် အရမ်းလိုက်ဖက်တဲ့ ဒီဇိုင်းလေးပါ။ မိန်းကလေးဆန်ပြီး အရမ်းလှပါတယ်။

ပန်းရောင်ကြိုက်တဲ့မိန်းကလေးတွေ ပုံဖော်ကြည့်သင့်တဲ့ လက်သည်းဒီဇိုင်းလေးပါ။ အရမ်းလှပြီး မိန်းကလေးဆန်ပါတယ်။

အရောင်အမှိုင်းလေးတွေကြိုက်တယ်ဆိုရင် ဒီလက်သည်းဒီဇိုင်းလေးကို ပုံဖော်ကြည့်ပါ။ အရမ်းလှပါတယ်။

ဒီဇိုင်းအရမ်းဆန်းတာမျိုးမဟုတ်ပဲ မိန်းကလေးဆန်ပြီးလှပတဲ့ ဒီဇိုင်းလေးပါ။

အသားဆောင်တဲ့အရောင်လေးဖြစ်ပြီး ပုံဖော်ထားတာလေးကလည်း အရမ်းလှတဲ့ ဒီဇိုင်းလေးပါ။

အဖြူရောင်လေးကိုမှ မိန်းကလေးဆန်ပြီး အရမ်းလှတဲ့ လက်သည်းဒီဇိုင်းလေးပဲဖြစ်ပါတယ်။ အဖြူဆိုတော့ ကြည့်လိုက်တာနဲ့ ထင်းပြီးသန့်နေတာပါပဲ။

အရောင်ကအစ အရမ်းလှသလို ဒီဇိုင်းကလည်း ပွဲတိုးပြီး အရမ်းလှတဲ့ ဒီဇိုင်းလေးပဲဖြစ်ပါတယ်။

အရမ်းလှပြီး အသားလည်းဆောင်တဲ့ လက်သည်းဒီဇိုင်းနဲ့ အရောင်လေးဖြစ်ပါတယ်။ မိန်းကလေးတိုင်းနဲ့လည်း လိုက်ဖက်ပါတယ်။

ဘယ်အချိန်ကြည့်ကြည့်ရိုးမသွားပဲ အရမ်းလှတဲ့ လက်သည်းဒီဇိုင်းလေးပါ။

အနက်ရောင်ကြိုက်တဲ့ ကောင်မလေးတွေအတွက် မိန်းကလေးဆန်ပြီး လှလည်းလှသလို ချစ်ဖို့လည်းကောင်းတဲ့ လက်သည်းဒီဇိုင်းလေးပဲ ဖြစ်ပါတယ်။

Photo source:www.pinterest.com