နေကာမျက်မှန်က လူတစ်ယောက်ရဲ့ဖက်ရှင်ကို တစ်ဆင့်မြှင့်ပေးနိုင်ပါတယ်နော်။ Outfit အမိုက်စားကိုမှ နေကာမျက်မှန်လေးတွဲတပ်ထားတဲ့အချိန်က ဓာတ်ပုံရိုက်လို့ အကောင်းဆုံးအချိန်လို့တောင် ပြောလို့ရပါတယ်။ ဒါပေမယ့် ကိုယ်ဝတ်ထားတဲ့ နေကာမျက်မှန်နဲ့ဖက်ရှင်ကို ဓာတ်ပုံထဲမှာပိုပြီး ပေါ်လွင်နေဖို့ဆိုရင် Pose ကောင်းကောင်းပေးတတ်ဖို့က အဓိကပါပဲ။ သင့်အနေနဲ့ ထူးထူးခြားခြား Pose မပေးတတ်လို့ စိတ်ညစ်စရာတော့ မလိုပါဘူးနော်။ ဒီတစ်ခေါက်မှာ နေကာမျက်မှန်တပ်ပြီး ဓာတ်ပုံရိုက်မယ့်သူတွေအတွက် အထာကျသလို လူငယ်ဆန်ဆန် Vibe ရစေမယ့် Pose ပေးနည်းလေးတွေကို မျှဝေပေးသွားမှာပါ။

ထိုင်ပြီးရိုက်တဲ့အခါ ပိုပြီးအထာကျဖို့ ဒီလို Pose လေးတွေပေးကြည့်ပါ။


ဆံပင်သပ်နေသလိုမျိုး ခေါင်းကို ကိုင်ထားတဲ့ Pose လေးတွေက လက်ကိုဘယ်နားထားရမလဲ မသိတဲ့သူတွေအတွက် အဆင်ပြေပါတယ်။


နေကာမျက်မှန်တွေက အဝေးကရိုက်လဲပေါ်တာမို့ ဒီလိုတစ်ကိုယ်လုံးပုံ Pose လေးတွေပေးပြီး ရိုက်ကြည့်ပါနော်။


Snap ပုံစံလေးရချင်ရင်တော့ ကင်မရာဘက်ကိုလမ်းလျှောက်လာတဲ့ပုံစံလေးက ဓာတ်ပုံလေးပိုအသက်ဝင်ပြီး စမတ်ကျစေမှာပါ။


ကင်မရာဘက်ကို နောက်ပြန်လှည့်ကြည့်နေသလိုပုံစံလေးကလည်း သင့်ကို Cool Girl Vibe အပြည့်ရစေမှာပါ။


နေကာမျက်မှန်တပ်ပြီး နှုတ်ခမ်းလေးဆူကာ ဒီလိုပုံလေးတွေရိုက်ကြည့်ပါနော်။ အထာကျသလို လူငယ်ဆန်ဆန် ချစ်စရာကောင်းစေမှာပါ။


မျက်မှန်တပ်ထားရတာရိုးလာရင် မျက်မှန်ကိုခေါင်းပေါ်မှာ ချိတ်ပြီး ဒီလို Pose လေးတွေရိုက်နိုင်ပါတယ်နော်။


ဒူးနှစ်ဖက်ထောင်ပြီး Pose ပေးရတဲ့ ဒီပုံစံလေးတွေကလည်း မျက်မှန်တပ်ထားတဲ့အချိန်နဲ့အရမ်းလိုက်တာမို့ Try ကြည့်ပါနော်။


တစ်ဖက်ကိုဘေးနေတဲ့ပုံ ဒါမှမဟုတ် အောက်ငုံ့ကြည့်နေတဲ့ပုံစံလေးတွေက ကင်မရာတည့်တည့်ကြည့် မရိုက်ချင်တဲ့သူတွေအတွက်အဆင်ပြေသလို မျက်မှန်နဲ့မို့ ပိုအထာကျပါတယ်။

Photo Source: Pinterest

By MyStyle Myanmar