အဖေတွေအတွက်လည်း အမေတွေလိုပဲ ခက်ခဲပါတယ်။ သားသမီးတွေ ပြုစုပျိုးထောင်ရာမှာ အဖေနဲ့အမေတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုက အံ့ဩဖွယ်ကောင်းလှပါတယ်။ သူတို့ရဲ့ကလေး လူ့လောကကြီးထဲ စရောက်တဲ့နေ့ကတည်းက ကာကွယ်ပေးကြပြီး ကြီးလာတဲ့အထိ ပြီးတော့ ဘွဲ့ရပညာတက်ကြီးဖြစ်တဲ့အထိ ချစ်ခင်ကြင်နာကြတယ်။ တစ်ခါတစ်လေသူတို့ရဲ့သားသမီးတွေက အိမ်ထောင်ပြုပြီး ကလေးတွေရနေတာတောင် သူတို့မျက်စိထဲမှာ ကလေးလို့မြင်နေကြတုန်းပါပဲ။ ဒီနေ့တော့ အဖေ့မေတ္တာဘယ်လောက်ထိကြီးမားလဲဆိုတာကို ပြသပေးသွားမှာပါ။

သူဘွဲ့ယူတုန်းက သမီးလေးကို ဘွဲ့သဘင်အခမ်းအနားခေါ်သွားခဲ့တယ်။ နောက် (၁၈) နှစ်ကြာတော့ သူ့သမီးလေးရဲ့ ဘွဲ့သဘင်အခမ်းအနားကို ဂုဏ်ယူစွာနဲ့ အဖော်လိုက်ပေးတယ်

ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် အဖေတွေက သူတို့ရဲ့သားသမီးကို ဦးစားပေးပါတယ်

နှစ် (၃၀) ကြာသွားတာတောင် အရင်လိုပဲ အတူတူကုန်ဆုံးဖြစ်နေတဲ့ သားအဖဆက်ဆံရေး

မဟာဘွဲ့ရရှိခဲ့တဲ့သားအတွက် ဝမ်းသာပီတီမျက်ရည်ကျခဲ့တဲ့ ဖခင်

အဖေနဲ့သမီးရဲ့ သံယောဇဉ်

သမီးလေးမဆုံးခင် နောက်ဆုံးပေးခဲ့တဲ့ အရာဖြစ်တာကြောင့် တတ်တူးထိုးခဲ့တဲ့ဖခင်

အဖေနဲ့သမီးဖြစ်သူ Cinderella ကားကြည့်ဖို့တဲ့ ဝတ်စုံတွေဝတ်သွားကြတာ

အဖေဖြစ်တဲ့သူတွေက သူတို့ရဲ့သားသမီးတွေကို အကာအကွယ်ပေးဖို့ အမြဲတမ်း ကြံဆနေတာပါ

သမီးလေးတွေနဲ့ Halloween ပါတီလုပ်ပေးနေတာ

သမီးဖြစ်သူနဲ့ စူပါဟီးရိုး ဝတ်စုံဝတ်ပြီးလည်နေတဲ့ဖခင်

နေအလင်းရောင်ကို လက်နဲ့ကာပေးနေတဲ့ ဖခင်

Source: BrightSide