လက်သည်းပုံဖော်ရတာ ဝါသနာပါတဲ့သူတွေအတွက် အရမ်းရိုးနေတာမျိုးမဟုတ်ပဲ ဒီဇိုင်းဆန်းပြီး လူငယ်ဆန်တဲ့ Flower Nail Design လှလှလေးတွေကို မျှဝေပေးလိုက်ပါတယ်။

အရောင်လေးနဲ့ ဒီဇိုင်းလေးက ဆန်းပြီးလှပါတယ်။ လက်သည်းအရှည်နဲ့လည်း လိုက်ဖက်သလို လက်သည်းအတိုလေးတွေမှာ ပုံဖော်ရင်လည်း လိုက်ဖက်ပါတယ်။

ခရမ်းရောင်နဲ့ ပန်းရောင်ကိုစပ်ပြီး ပုံဖော်ထားတဲ့ ဒီလက်သည်းဒီဇိုင်းလေးက မြင်နေကျပုံစံလေးနဲ့မတူပဲ တစ်မျိုးလေးဆန်းပြီး လှပါတယ်။

အရောင်တောက်တောက်လေးဆိုးပြီး ပုံဖော်ထားတဲ့ ဒီလက်သည်းဒီဇိုင်းလေးက ဘယ်တော့မှရိုးမသွားပဲ လူငယ်ဆန်ပြီး လှနေမှာပါ။

အရောင်က အသားဆောင်ပြီးငြိမ်တဲ့အပြင် ဒီဇိုင်းကိုလည်း တစ်ချောင်းနဲ့တစ်ချောင်း မတူအောင်ပုံဖော်ထားတာဖြစ်လို့ လူငယ်ဆန်ပြီး လှပါတယ်။

ဒီလက်သည်းဒီဇိုင်းက ရိုးပေမယ့် အရောင်စပ်ထားတာလေးကြောင့် အမြင်တစ်မျိုး ပြောင်းပြီး လှသွားပါတယ်။

ပန်းပွင့်မှာ ပျားတွေနားနေသလိုလေး ပုံဖော်ဆွဲထားတဲ့ ဒီလက်သည်းဒီဇိုင်းလေးကတော့ ဆန်းပြီး လူငယ်ဆန်ဆန်နဲ့ ချစ်ဖို့ကောင်းပါတယ်။

အရောင်များများသုံးပြီးပုံဖော်ထားတဲ့ ဒီလက်သည်းဒီဇိုင်းလေးက အရမ်းလှပြီး အသားလည်းဆောင်ပါတယ်။ လူငယ်လည်းဆန်တဲ့ လက်သည်းဒီဇိုင်းလေးပါ။

လက်သည်းအချွန်ထားတယ်ဆိုရင် ဒီလက်သည်းဒီဇိုင်းလေးက အရောင်ရော ဒီဇိုင်းရော ဆန်းပြီးလှပါတယ်။

ဒီလက်သည်းဒီဇိုင်းဆိုရင် ရိုးရိုးလေးပါပဲ။ ဒါပေမယ့် အရောင်စပ်ထားတာလေးကြောင့် အမြင်တစ်မျိုးပြောင်းပြီး ပိုချစ်ဖို့ကောင်းသွားပါတယ်။

အရောင်ရောဒီဇိုင်းရော ဆန်းပြီးတော့ လူငယ်ဆန်ဆန်နဲ့လှတာကြောင့် ပန်းဒီဇိုင်းလေးတွေကြိုက်ရင် ဒီလက်သည်းဒီဇိုင်းလေးကို ပုံဖော်ကြည့်ပါ။

Photo source:www.pinterest.com