တချို့မိန်းကလေးတွေဆိုရင် သူများတွေလို Full Makeup Look လေးပြင်ချင်ပေမယ့် Contour မလုပ်တတ်လို့ မပြင်ရတာတွေရှိပါတယ်။ Contour လုပ်တာကလည်း သေချာမလုပ်တတ်ရင် ကြည့်ရဆိုးစေပါတယ်။ ဒါကြောင့် မိတ်ကပ်ပြင်တဲ့အခါမှာ Contour မလုပ်တတ်တဲ့သူတွေနဲ့ Contour လုပ်ချင်နေတဲ့ ပျိုမေတို့အတွက် Contour ပြုလုပ်ပုံအဆင့်ဆင့်ကို ဖော်ပြပေးလိုက်ပါတယ်။

ပထမဆုံးအနေနဲ့ သင်လိမ်းနေကျ Foundation တစ်ခုခုကို Beauty Blender နဲ့ လိမ်းပေးပါ။ သင်ပြင်နေကျအတိုင်းပဲ မျက်လုံးတွေပြင်ပြီး၊ မျက်ခုံးမွှေးဆွဲလိုက်ပါ။

Concealer ကိုသုံးပြီး မျက်လုံးအောက်မှာ တြိဂံပုံလေးဆွဲပေးပါ။ နှာခေါင်းချိုင့်နေရာလေးတွေမှာလည်း Concealer ကိုသုံးပေးပါ။

ပုံမှာပြထားတဲ့အတိုင်း မေးစေ့နေရာမှာလည်း Concealer ကို သုံးပေးပါ။ နဖူးအလယ်မှာလည်း Concealer နဲ့ တြိဂံပုံလေးဆွဲပေးပါ။ နှာတံမှာ Concealer နဲ့ အချောင်းလေးဆွဲပေးပြီး နှာခေါင်းထိပ်လေးမှာလည်း Concealer ကိုတို့ပေးပါ။

အားလုံးပြီးရင်တော့ Beauty Blender နဲ့ လိုက်ဖိပြီးပွတ်ပေးပါ။

အညိုရောင် Contouring ကိုသုံးပြီး ပုံမှာပြထားတဲ့အတိုင်း မေးရိုးနှစ်ဖက်ကိုဖော်ပေးပါ။ နဖူးနဲ့ နားထင်နေရာတွေမှာလည်း လိုက်သုံးပေးရပါမယ်။ နောက်ဆုံးမှာတော့ အောက်မေးရိုးနေရာလေးမှာ Contouring သုံးပေးပါ။

Brush ပါးပါးလေးနဲ့ နှာတံဖော်ပေးပါ။ ပြီးရင်တော့ ခုနကလိုပဲ Beauty Blender နဲ့ လိုက်ပွတ်ပေးပါ။ နှာခေါင်းကိုတော့ Brush လေးနဲ့ ပွတ်ပေးပါ။

နောက်ဆုံးမှာတော့ Contouring လုပ်ပြီးသွားတဲ့နေရာလေးတွေမှာ Highlighter လေးတွေသုံးပေးလိုက်ရုံပါပဲ။ ဒါဆိုရင်တော့ Contour လုပ်တာလည်း ပြီးဆုံးသွားပါပြီ။

မိတ်ကပ်ပြင်တဲ့အခါမှာ Contour လုပ်ထားတဲ့မျက်နှာနဲ့ Contour မလုပ်ခင်မျက်နှာက အရမ်းကွာသွားတာကို တွေ့ရမှာပါ။

Photo Source: www.tinayong.com