ပျိုမေတို့အားလုံးပဲ မင်္ဂလာပါနော်။ ပျိုမေတို့အနေနဲ့ မျက်မှန်မတပ်ချင်တဲ့အချိန်တွေ ဒါမှမဟုတ် မိတ်ကပ် Look ကို ပိုလှချင်တဲ့အချိန်တွေမှာ မျက်ကပ်မှန်တပ်ဖို့ စဉ်းစားမိကြ‌ပေမယ့် ဘယ်လိုမျက်ကပ်မှန်မျိုးက ကိုယ်နဲ့လိုက်လဲ ဆိုတာမသိတာကြောင့် အ‌ကောင်အထည်မဖော်မိတာမျိုး တစ်ခါတစ်ရံဖြစ်ဖူးကြမှာပါ။ သင်ကိုယ်တိုင်လည်း ဒီလိုဖြစ်နေတယ်ဆိုရင်တော့ ဒီအကြောင်းအရာက သင့်အတွက်ပါပဲ။

ဒီတစ်ခေါက်မှာ မျက်ကပ်မှန်တပ်ချင်ပေမယ့် မရွေးတတ်ဖြစ်နေတဲ့သူတွေအတွက် ကိုယ့်ရဲ့မျက်လုံးအရောင်နဲ့ မျက်လုံးအချိုးအစားပေါ်မူတည်ပြီး လိုက်ဖက်တဲ့ မျက်ကပ်မှန်ရွေးနည်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

အနက်ရောင် ဒါမှမဟုတ် အညိုရင့်ရောင်မျက်လုံးရှိတဲ့ ပျိုမေတို့အနေနဲ့ အညိုဖျော့ရောင်၊ အစိမ်းရောင်နဲ့ ခဲရောင်စတဲ့ မျက်ကပ်မှန်အရောင်လေးတွေနဲ့ လိုက်ဖက်ပါတယ်။ ဒီလိုအရောင်လေးတွေက ကိုယ့်ရဲ့နဂိုမျက်လုံးအရောင်ကနေ လုံးဝကွဲထွက်သွားပြီး ပြီးပြည့်စုံတဲ့ မျက်ဝန်းအလှကို ဖန်တီးပေးမှာပါ။


ပျိုမေတို့က အညိုရောင်မျက်လုံးပိုင်ရှင်ဆိုရင်တော့ အစိမ်းနဲ့အညိုဖောက်ထားတဲ့ပုံစံလေးတွေ၊ အစိမ်းရောင်မျက်ကပ်မှန်ကြည်ကြည်ပါးပါးလေးတွေတပ်ကြည့်ပါနော်။ ကိုယ့်ရဲ့ နဂိုမျက်လုံးအရောင်ကို ပိုပေါ်လွင်စေမှာပါ။


မျက်ရစ်မပါတဲ့ပျိုမေတွေအနေနဲ့ မျက်ကပ်မှန်တပ်မယ်ဆို အပေါ်မှာဖော်ပြထားတဲ့အရောင်လေးတွေရဲ့ Big Eye ပုံစံမျက်ကပ်မှန်ကို ရွေးချယ်သင့်ပါတယ်။ Big Eyes မျက်ကပ်မှန်တွေက မျက်လုံးကို ရှိရင်းစွဲထက်ပိုကြီးပြီး ပိုလှစေပါတယ်။


မျက်ရစ်ရှိတဲ့ပျိုမေတွေကတော့ ပုံမှန်အရွယ်အစားမျက်ကပ်မှန် ဒါမှမဟုတ် မျက်ကပ်မှန်အသေးကို ရွေးချယ်တာက သင့်ကိုဆွဲဆောင်မှုရှိတဲ့မျက်ဝန်းတစ်စုံကို ပိုင်ဆိုင်စေမှာပါ။


Photo Source: Pinterest
By: MyStyle Myanmar