ဝမ်းချုပ်တာကိုတော့ လူတိုင်း ခံစားဖူးမှာပါ။ ရေသောက်နည်းတာ၊ အထိုင်များတာ၊ အပူများတာစတာတွေက ဝမ်းချုပ်ခြင်းဖြစ်စေပါတယ်။ ဝမ်းချုပ်တဲ့အချိန်ဆိုရင် တစ်ကိုယ်လုံးပူနေပြီး နေလို့ထိုင်လို့မကောင်းပါဘူး။

ဒီတော့ ဝမ်းခိုင်သူတွေအတွက် ဝမ်းမှန်မှန်နဲ့ မြန်မြန်သွားစေမယ့် နည်းလမ်း (၅) ခုကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ပျားသံပယိုရည်သောက်ပါ

ပျားရည်နဲ့ သံပယိုရည်ရောပြီး ရေနွေးထဲ ထည့်မွှေပေးပါ။ ပျားရည်က သံပယိုရည်ရဲ့ အချဉ်ဓာတ်ကို လျှော့ချပေးပါတယ်။ သံပယိုရည်က အစာချေစနစ်ကောင်းမွန်စေပါတယ်။ ခန္ဓာကိုယ်ထဲက အဆိပ်တွေကို ဖယ်ရှားပေးပါတယ်။

၂။ ရေအများကြီးသောက်ပါ

အမျိုးသားတွေက တစ်နေ့မှာ ရေ ၃.၇ လီတာသောက်ရပါတယ်။ အမျိုးသမီးတွေကတော့ တစ်နေ့ကို ၂.၇ လီတာသောက်ပေးရပါတယ်။ ဒါကြောင့် ဝမ်းချုပ်တာက ရေသောက်နည်းတာကြောင့် အဖြစ်များပါတယ်။ ရေနဲ့ အသီးဖျော်ရည်တွေက ဝမ်းချုပ်တာကို တိုက်ထုတ်ပေးပါတယ်။

ပန်းသီးနဲ့ သစ်တော်သီးဖျော်ရည်တွေကလည်း ဝမ်းခိုင်သူတွေအတွက် သင့်တော်ပါတယ်။ ကဖိန်းဓာတ်ပါတဲ့ အချိုရည်တွေနဲ့ ဆိုဒါတွေကို ရှောင်ပေးသင့်ပါတယ်။

၃။ အမျှင်ဓာတ်များတဲ့ အစားအစာတွေကိုစားပေးပါ

အမျှင်ဓာတ်များတဲ့ စားစရာတွေက ဝမ်းမှန်စေပါတယ်။ တစ်နေ့ကို ကိုယ်စားတဲ့အစားသောက်ထဲမှာ အမျှင်ဓာတ် ၂၀ ကနေ ၃၅ ဂရမ်ပါဝင်သင့်ပါတယ်။ အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအသောက်တွေကတော့ ဟင်းသီးဟင်းရွက်တွေဖြစ်ပါတယ်။ အစေ့အဆံတွေကလည်း အမျှင်ပါဝင်မှုများပါတယ်။

၄။ ဇီးသီးခြောက်စားပါ

ဇီးသီးခြောက်တွေမှာ အမျှင်ဓာတ်ပါဝင်မှုများပါတယ်။ ဇီးသီးခြောက်က အာနိသင်ပြတာ နှေးတာကြောင့် တစ်နာရီနှစ်ရာရီလောက်တော့ အချိန်ယူရပါမယ်။

၅။ တခြားနို့ထွက်ပစ္စည်းတွေက လွဲပြီး ဒိန်ချဉ်သောက်ပေးပါ

နို့ထွက်ပစ္စည်းတွေကို ဝမ်းချုပ်နေတဲ့အချိန် ရှောင်သင့်ပါတယ်။ ဒိန်ချဉ်ကလွဲရင်ပေါ့။ ဒိန်ချဉ်မှာ ဝမ်းသွားစေတဲ့ အချဉ်ဓာတ်အာနိသင်ပါဝင်ပါတယ်။