မင်္ဂလာပါ… ပျိုမဒီတို့ရေ… အခုဆိုရင် Aesthetics clinic တွေမှာ မျက်နှာလေးသွယ်ဖို့ ပိုလှဖို့အတွက် Botox ၊ Fillers စတာတွေကို နားလည်တတ်ကျွမ်းတဲ့လူတွေနဲ့ အလွယ်တကူလုပ်လို့ရနေပါပြီ။ သင်ကော Botox သို့မဟုတ် Fillers လုပ်ဖို့ စဉ်းစားနေလား ?

ဒါဆိုရင်တော့ မလုပ်ခင်မှာ ဒီအချက်တွေကို သတိထားပေးပါ။ ဒါတွေက Botox သို့မဟုတ် Fillers မလုပ်ခင်မှာ ကိုယ်နဲ့သင့်တော်တဲ့အရာကို ‌ရွေးချယ်နိုင်ဖို့ မဖြစ်မနေ ထည့်သွင်းစဉ်းစားရမယ့်အချက်တွေပါ။

မျက်မှောင်ကျုံ့တတ်လား ?

မျက်မှောင်ကျုံ့တာက နဖူးထိပ်က ကြွက်သားတွေကို လှုပ်ရှားစေတာကြောင့် မျက်မှောင်ကျုံ့လေလေ အရေးအကြောင်းများ ပေါ်လာလေလေပါ။ Botox ထိုးရင် တခါတလေမှာ မျက်ခုံးလေးသလိုလို ခံစားရနိုင်ပါတယ်။ မျက်မှောင့်ကျုံ့တတ်တယ်ဆိုရင်တော့ ဒါကိုရှောင်ရှားနိုင်ဖို့ မျက်ခုံးမွှေးကို Botox နဲ့ သဘာဝအတိုင်း ဆွဲဆန့်နိုင်တဲ့ ကုသမှုအစီအစဉ်ကိုလုပ်သင့်ပါတယ်။ ပြီးပြည့်စုံတဲ့ပြောင်းလဲမှုကို အမှန်တကယ်တွေ့မြင်ဖို့က ၉ လ ကနေ ၁၂ လအထိ ကြာနိုင်ပါတယ်။

ငယ်ရွယ်နုပျို၊ တောက်ပတဲ့ မျက်လုံးအသွင်အပြင်ကို လိုချင်လား ?

Botox ရဲ့ရလဒ်နဲ့ သင်ဆန္ဒရှိမယ်ဆိုရင် မျက်လုံးတစ်ဝိုက်မှာရှိတဲ့ ကြွက်သားတွေကို ကုသပေးနိုင်ပါတယ်။ ဒီကြွက်သားတွေက ကျီးကန်းခြေထောက်များကို ဖြစ်စေပြီး မျက်ခုံးကိုလည်း ကျစေတာကြောင့် အဲဒီကြွက်သားတွေကို ကုသတဲ့အခါ တောက်ပတဲ့ မျက်လုံးအသွင်အပြင်ကို ရစေနိုင်ပါတယ်။

ပါးရိုးကျနေလား ?

ပါးရိုးများပေါ်က ထုထည် ဆုံးရှုံးမှုကြောင့် မျက်နှာရဲ့အရေပြားတွေ အောက်ကိုကျလာရင် ဒါကို တိုက်ဖျက်ဖို့ ပါးစပ်တစ်ဝိုက်က တခြားနေရာတွေရဲ့ ဖိအားအချို့ကို ဖယ်ရှားဖို့ ပါးရိုးနေရာဖြည့်ဆေးကို အသုံးပြုဖို့ အကြံပေးချင်ပါတယ်။

ဘယ် Filler က သင့်အတွက် သင့်တော်မလဲ ?

Filler နှစ်မျိုးနှစ်စားရှိပြီး အသုံးအများဆုံး Filler ကတော့ Voluma ပါ။ သူကတော့ ရလဒ်ကို နှစ်လလောက်ကြာမှ သိရပြီး နောက်တစ်ခုက Radiesse ပါ။ Radiesse က ကယ်လ်စီယမ် ဖြစ်ပြီး ရလဒ်ကို ချက်ချင်းသိသာစေပါတယ်။