လူတစ်ယောက်ရဲ့ အသွင်ပြင်ကိုထင်ပေါ်စေတဲ့ အရာဆိုတာကတော့ မျက်နှာပြီးရင်ဆံပင်ပဲဖြစ်ပါတယ်။ ဆံပင်ဆိုတာ လူတစ်ယောက်ရဲ့ ဒုတိယမျက်နှာဆိုလည်းမမှားပါဘူး။ Hair Style က လူတစ်ယောက်ရဲ့ အသွင်ပြင်ကို အထိရောက်ဆုံး ပြောင်းလဲပေးနိုင်ပါတယ်။ သင့်အနေနဲ့ လက်ရှိ Hairstyleကို ငြီးငွေ့နေလို့ ဆံပင်ကာလာ ချိန်းကြည့်ချင်တယ်ဆိုရင်တော့ အခုပြောပြမယ့်အချက်လေးတွေကိုအရင်ဆုံးစဉ်းစားကြည့်ဖို့လိုပါမယ်နော်။

(၁) Skin Tone

အရင်ဆုံး Skin Toneကို ခွဲခြားသိဖို့လိုပါတယ်။ Cool Tone နဲ့ Warm Tone ဆိုပြီး နှစ်မျိုးရှိပါတယ်။ လက်ကောက်ဝတ်က သွေးကြောတွေက ခရမ်းရောင်ဆိုရင်တော့ သင်က Cool Tone ဖြစ်ပြီး အစိမ်းရောင်သွေးကြောဆိုရင်တော့ Warm Tone ဖြစ်ပါတယ်။ ဆံပင်ဆေးဆိုးမယ်ဆို ကိုယ့် Skin Tone နဲ့ ဆန့်ကျင်ဘက်ကို ရွေးရပါမယ်။ ကိုယ်က Cool Skin Tone ဆိုရင် Warm color ကိုရွေးပြီး Warm Skin Tone ဆို Cool Color ကို ရွေးသင့်ပါတယ်။

(၂) Hair Type

ကိုယ့်ရဲ့ဆံသားအမျိုးအစားကို သိနားလည်တဲ့ Hair Stylist မျိုးစီမှာပဲ ဆံပင်ကာလာချိန်းပါ။ ဘာလို့လဲဆိုရင် မျက်နှာ Skin Care လိုပဲ ဆံသားမှာလဲ ထူတာပါးတာတင်မကပဲ အမျိုးစားအများပြားရှိနေလို့ပါ။ ဥပမာပြောရမယ်ဆို ဆေးဆိုးတော့မယ်ဆိုရင် ဆံပင်အရောင်ချွတ်ရတဲ့အတွက်ဆံသားနက်ပြီး ကောက်တဲ့ဆံပင်မျိုးဆို အရောင်ချွတ်ရခက်တတ်တာမျိုးဖြစ်ပါတယ်။

(၃) Age

ဆံပင်အရောင်ဆိုးတော့မယ်ဆိုရင်ကိုယ့်အသက်အရွယ်ကို မေ့ထားလို့လဲမရပါဘူး။ Dark Brown လိုမျိုး မူလဆံသားအရောင်နဲ့ အနည်းငယ်လောက်ပဲ ကွာခြားတဲ့အရောင်မျိုးဆိုရင်တော့ အသက်ရွယ်မရွေးကိစ္စမရှိပါဘူး။ ဒါပေမဲ့ ကာလာအဆန်းမျိုးတွေကတော့ အသက်သုံးဆယ်မတိုင်ခင်ထိပဲ ဆိုးလို့ကောင်းတာ အသေချာပဲ ဖြစ်ပါတယ်။

(၄) Personal Style

ဆံပင်အရောင်က ကိုယ့်ရဲ့ Personality ကို ရောင်ပြန်ဟပ်စေနိုင်တာကိုတော့ မြန်မာလူမျိုးတွေအနေနဲ့ မထူးဆန်းလောက်ပါဘူး။ ဒါကြောင့်ကိုယ့်ကို ပိုပြီးထင် ပေါ် Smart ကျစေမယ့်အရောင်ကို ရွေးချယ်တတ်ဖို့လိုပါတယ်။ အဓိကကျတာတစ်ခုကတော့ ကိုယ့်ရဲ့ဝတ်စားဆင်ယင်မှုနဲ့ ကိုယ်ရွေးချယ်မယ့်ဆံပင်အရောင် လိုက်ဖက်မှုရှိရဲ့လားဆိုတာ အရင်မေးကြည့်မိဖို့ပဲ ဖြစ်ပါတယ်။

(၅) Maintenance

ဆံပင်အရောင်တခါဆိုးပြီး ခြောက်လလောက်ပစ်ထားမယ်ဆိုရင်တော့ ဆိုးတုန်းခနပဲလှမှာဖြစ်ပါတယ်။ ဒါကြောင့်မဆိုးခင်ကထဲက ကိုယ့်မှာတလတခါလောက်အနည်းဆုံး Hair Treatment လုပ်ဖို့ အချိန်ပေးနိုင်ရဲ့လား စဉ်းစားပါ။ ဆံပင်အရောင်ဆိုးဆေးတွေမှာပါတဲ့ Chemical က ဆံသားကိုခြောက်သွေ့စေလို့ အချိန်မှန်မှန် Treatment လုပ်မှသာ စိုပြေတဲ့ဆံသားနဲ့ ကိုယ်လိုချင်တဲ့ Color အမှန် ရမှာပဲဖြစ်ပါတယ်။