ဒီတစ်ခေါက် အကြောင်းအရာကတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနည်းပြီး ပေါင်းသင်းဆက်ဆံရေး၊ အချစ်ရေး စတဲ့ အဘက်ဘက်မှာ အားနည်းတဲ့ လူငယ်မိန်းကလေးတွေအတွက် ရည်ရွယ်ပါတယ်။ သင်က သင့်ကိုယ်သင် ယုံကြည်မှုမရှိဘူး၊ တစ်နေ့တာလုံး အဆင်ပြေတဲ့ ရက်က သိပ်မရှိဘူးဆိုရင်တော့ ဒီအကြံပြုချက်တွေကို သိထားသင့်ပါတယ်။

၁။ ပထမဆုံး တောင်းပန်တဲ့သူ

မှားမှန်းသိရင် တောင်းပန်တတ်သူရှိသလို မှားနေတာ သိလျက်နဲ့ အောက်ကျမှာကြောက်လို့ မတောင်းပန်သူတွေ ရှိပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် တစ်ယောက်နဲ့တစ်ယောက် ပြဿနာဖြစ်ရင် ရှေ့ထွက်ပြီး တောင်းပန်တတ်သူက ပိုရင့်ကျက်ပြီး ပိုတော်တဲ့သူ ဖြစ်ပါတယ်။ သင်က တောင်းပန်ဖို့ကို မတွန့်ဆုတ်သင့်ပါဘူး။

၂။ အချစ်နောက် မလိုက်ပါနဲ့

သင်ဟာ အချစ်ရေးမှာ လူတစ်ယောက်အပေါ် ပိုချစ်လေလေ ပိုဆုံးရှုံးဖို့ အခွင့်အရေးများလေလေပါပဲ။ ကိုယ့်အပေါ် စိတ်ဝင်စားမှု နည်းတဲ့ အမျိုးသားနောက် မလိုက်သင့်ဘဲ ကိုယ့်အပေါ် ချစ်တဲ့သူကို စောင့်ဆိုင်းသင့်ပါတယ်။

၃။ ကျောင်းတက်တဲ့အရွယ်

အသက်ငယ်တဲ့ ပျိုမေတို့အဖို့ ကျောင်းတက်နေတဲ့ အချိန်ဟာ သူတို့ရဲ့ ဘဝတစ်သက်တာလို့ ထင်တတ်ကြပါတယ်။ ဒါပေမဲ့ ကျောင်းသားဘဝဟာ ဘဝအစပဲ ရှိသေးတာကြောင့် ဘာပဲဖြစ်လာပါစေ ပြီးသွားလိမ့်မယ်လို့ ခေါင်းထဲ ထည့်ထားသင့်ပါတယ်။

၄။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိဖို့

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတိုးချင်တဲ့ လူငယ်မိန်းကလေးတွေအနေနဲ့ လမ်းလျှောက်တဲ့အခါ ခေါင်းမော့ပြီး လျှောက်သင့်ပါတယ်​။ သူများက ကိုယ့်ကို ချီးကျူးလာရင်လည်း ဒီချီကျူးစကားက သင်နဲ့ ထိုက်တန်တာ သိထားသင့်ပါတယ်​။

၅။ လူတွေကို ဝေဖန်ရေး မလုပ်ပါနဲ့

လူငယ်မိန်းကလေးတွေဟာ တပါးသူကို ဝေဖန်တတ်ပေမယ့် ကိုယ်တိုင် ဝေဖန်ခံရတဲ့ အချိန်မှာတော့ ပြန်မထနိုင်ကြတော့ပါဘူး။ သင့်အနေနဲ့ သူများကို ဝေမဖန်သင့်ပေမယ့် အဝေဖန်ခံနိုင်ဖို့တော့ အသင့်ပြင်ထားသင့်ပါတယ်။

၆။ သူငယ်ချင်းတွေကို ရွေးပေါင်းပါ

သူငယ်ချင်း များရင် အကောင်းဆုံးပဲဆိုပြီး လူတိုင်းကို လိုက်ပေါင်းစရာ မလိုပါဘူး။ ကိုယ့်အပေါ် ကောင်းတဲ့ မိတ်ဆွေတွေက်ိုပဲ ရွေးပေါင်းသင့်ပါတယ်။

၇။ ကိုယ့်ကိုယ်ကိုယ်ချစ်ပါ

သူများကို မကူညီခင်၊ ဆရာ မလုပ်ခင် ကိုယ့်ကိုယ်ကိုယ် အရင်ချစ်ဖို့ လိုကြောင်း သတိရနေသင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar