မင်္ဂလာပါ သူငယ်ချင်းတို့ရေ။ ကျွန်မတို့ အမျိုးသမီးအများစုဟာ တစ်နေကုန်လုပ်ရှားသွားလာလို့ ညနေ အလုပ်က ဆင်းတဲ့အခါ ဆံကေသာမှာ အနံ့အသက်ဆိုးတွေထွက်ပြီး ဆံပင်တွေလည်း ပုံမကျတော့လို့ စိတ်ညစ်ရတတ်ပါတယ်။
ဒီပြဿနာတွေဟာ မိမိကိုယ်ကို ယုံကြည်မှု လျော့နည်းစေပြီး အခုလို ဆံကေသာ အနံ့အသက်ဆိုးနဲ့ ပုံမကျတာကြောင့် အလုပ်ဆင်းတဲ့အခါတိုင်း သူငယ်ချင်းတွေ လုပ်ဖော်ကိုင်ဖက်တွေနဲ့ တွေ့ဆုံဖို့ အမြဲတမ်းရှောင်နေရတာမျိုးတွေဖြစ်တတ်ပါတယ်။
ဒီလိုပြဿနာတွေကနေ ကင်းဝေးပြီး ဆံပင်အရင်းကနေ အဖျားအထိ မွှေးရနံ့ သင်းပျံ့နေစေကာ တစ်နေကုန်ပုံကျလှပနေစေဖို့ နည်းလမ်းကောင်းလေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။
၁။ မွှေးရနံ့သင်းပျံ့စေတဲ့ ခေါင်းလျှော်ရည်သုံးပါ
သင့်ဆံကေသာကို တစ်နေကုန်မွှေးရနံ့ သင်းပျံ့စေတဲ့ ခေါင်းလျှော်ရည်ကို အသုံးပြုပေးသင့်ပါတယ်။ ပန်းပွင့်လေးတွေရဲ့ မွှေးရနံ့နဲ့ သဘာဝအဆီအနစ်တွေပါတဲ့ ခေါင်းလျှော်ရည်မျိုးကိုရွေးချယ်သုံးဆွဲပါ။
၂။ ခေါင်းလျှော်တဲ့အခါ သေချာပြောင်အောင်ဆေးချပါ
ဆံပင်ကိုခေါင်းလျှော်တဲ့အခါမှာ ရေများများသုံးပြီး သေချာဆေးပေးပါ။ ခေါင်းလျှော်ရည်တွေ၊ အညစ်အကြေးတွေကို သန့်စင်အောင် သေချာဆေးကြောပေးသင့်ပါတယ်။
၃။ ဆံပင်ပုံသွင်းပါ (အပူချိန်လျှော့သုံးပါ)
ဆံပင်ပုံကျလှပစေဖို့ ဆံကေသာကို ပုံသွင်းနိုင်ပါတယ်။ ဆံပင်ဖြောင့်စက်၊ ကောက်စက်တွေသုံးနိုင်ပါတယ်။ ဒါပေမယ့် အပူချိန်ကို တတ်နိုင်သလောက်လျှော့သုံးပေးပါ။
၄။ သင့်ဆံကေသာကို အနံ့ဆိုးမဆွဲစေဖို့ အကာအကွယ်သုံးပါ
သင့်ဆံကေသာကို ချွေး၊ ဖုန်၊ အညစ်အကြေးတွေနဲ့ လေထုမှာပါလာတဲ့အညှော်နံ့တွေကြောင့် ဆံကေသာအနံ့ဆိုးမထွက်စေဖို့ ဦးထုပ်ဆောင်းတာမျိုး ၊ ပုဝါခြုံတာမျိုးလုပ်ပေးနိုင်ပါတယ်။
၅။ သင့်ရဲ့ အသုံးအဆောင်တွေကို သန့်ရှင်းအောင်ထားပါ
သင့်ရဲ့ ဆံကေသာအတွက်အသုံးပြုတဲ့ အလှကုန်ပစ္စည်းတွေ၊ အသုံးအဆောင်တွေကို သန့်ရှင်းအောင်ထားပါ။ ခေါင်းဖြီး၊ ဦးထုပ်၊ ကလစ် စတာတွေကို သန့်ရှင်းအောင် တစ်ပတ်တစ်ကြိမ် ပုံမှန် ဆေးကြောပေးသင့်ပါတယ်။