Relationship တစ်ခုမှာ လိမ်ညာနေတဲ့သူတွေက ရူးချင်ယောင်ဆောင်ပြီး သူတို့မှန်သလိုလိုနဲ့ ပြောလေ့ရှိတဲ့စကားတွေရှိပါတယ်။ ဒီထဲမှာ ကိုယ်တိုင်လည်း အပြောခံဖူးတဲ့ စကားတွေ ပါနေလောက်မှာပါ။

မဟုတ်တာကိုအကျယ်မချဲ့ပါနဲ့

သူတို့လိမ်ညာတာကိုမိသွားလို့ ကိုယ်ကစိတ်ဆိုးပြီး ပြောဆိုတဲ့အခါ မရှင်းချင်တော့ရင် အမြဲပြောလေ့ရှိတဲ့စကားကတော့ စိတ်ရှုပ်တဲ့ပုံစံမျိုးနဲ့ မဟုတ်တာကို အကျယ်ချဲ့မနေနဲ့ဆိုတာမျိုး၊ ကိစ္စသေးသေးလေးကို အကြီးကြီးလုပ်မနေနဲ့ဆိုတာမျိုးတွေ ပြောလေ့ရှိကြပါတယ်။

ဘာလို့အမြဲမေးနေရတာလဲ

ခဏခဏလိမ်ညာနေလို့ အမြဲတမ်းမေးမြန်းနေတဲ့အခါ စစ်ဆေးနေတဲ့အခါမှာတော့ အမြဲတမ်း ပြန်ပြောလေ့ရှိကြတဲ့စကားက ဘာလို့အမြဲတမ်း သူ့ကိုမေးမြန်စစ်ဆေးနေတာလဲ ဆိုတာပါပဲ။

ငါ့ကိုမယုံဘူးလား

အမြဲလိမ်ညာနေတတ်တဲ့သူတွေက သူတို့လိမ်တာကိုမိသွားရင် အမြဲတမ်းပြန်ချေပလေ့ရှိတဲ့ လက်သုံးစကား ငါ့ကိုမယုံဘူးလား အယုံအကြည်မရှိဘူးလား မယုံလို့ကိုမရှင်းပြတော့တာ ဆိုတာမျိုးတွေပါပဲ။

ဒီလောက်ပဲရှင်းနိုင်တယ်

လိမ်တာကိုမိတဲ့အခါ အစပိုင်းမှာတော့ ချော့ပြောတာ၊ ရှင်းပြတာလောက် လုပ်ပေမယ့် ရှင်းပြရင်းနဲ့ အလိမ်တွေပေါ်လာတဲ့အခါ စကားတွေက ရှေ့နောက်မညီတာတွေ ဖြစ်လာတဲ့အခါမှာတော့ မရှင်းပြချင်တော့ဘူး ဒီလောက်ပဲရှင်းနိုင်တော့တယ် ဆိုတာမျိုးနဲ့လည်း ရှောင်ထွက်တတ်ပါသေးတယ်။

Just Friend! Just a Work Thing!

တခြားတစ်ယောက်နဲ့ တစ်ခုခုပြန်သိတဲ့အခါ၊ ကိုယ့်ကိုလိမ်ပြီးသွားလာတာမျိုးတွေ မိတဲ့အခါမှာတော့ လိမ်ညာတတ်တဲ့သူတွေ ပြောလေ့ရှိတာက Just Friend! Just a Work Thing! ဆိုတာတွေပါပဲ။

ပင်ပန်းတယ်၊ စိတ်ကုန်တယ်

နောက်ဆုံးအနေနဲ့ လိမ်ညာတဲ့သူတွေက သူတို့လိမ်နေတာတွေမိသွားလို့ ပြဿနာဖြစ်ကြတဲ့ စိတ်ရှုပ်လာပြီဆိုတာမျိုးနဲ့ ပင်ပန်းတယ်၊ ဆက်မရှင်းနိုင်တော့ဘူး။ ဒီလိုဖြစ်တာတွေကို စိတ်ကုန်လာပြီ။ ပင်ပန်းနေပြီနဲ့ အမြဲပြောတတ်ကြပါသေးတယ်။