ဆောင်းရာသီမှာ အေးပြီးခြောက်သွေ့နေတဲ့လေက အသားအရေကို သိသိသာသာ သက်ရောက်မှုရှိပါတယ်။ ဒါ့အပြင် အသားရေခြောက်တာတွေ ပျက်စီးတာတွေက သတိမထားမိဘဲ လုပ်မိတချို့အရာတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဒါတွေကတော့ ဆောင်းရာသီမှာ လူအများစုလုပ်မိတတ်ကြတဲ့ အမှားတချို့ပါ။

Moisturising မလုံလောက်တာ

ရေချိုးပြီးပြီးချင်း Moisturizer လိမ်းပေးပါ။ အသားအရေကို ရေဓာတ်ပြည့်ဝစေပြီး အအေးဒဏ်ကို ခံနိုင်ရည်ရှိဖို့ နေ့တိုင်း အနည်းဆုံးရေ ရှစ်ခွက်သောက်ပေးပါ။

Sunscreen မလိမ်းတာ

လူတော်တော်များများက Sunscreen ကို နွေရာသီမှာဘဲလိုတယ်လို့ ထင်ကြပေမယ့် တကယ်တော့ ဆောင်းရာသီမှာလည်း UV Rays တွေပါတာမလို့ သင့်အသားအရေကို ပျက်စီးစေနိုင်ပါတယ်။ အထူးသဖြင့် မျက်နှာနဲ့ လက်တို့လို နေထိတွေ့မှုများတဲ့နေရာတွေမှာ အနည်းဆုံး SPF 30 ပါတဲ့ Sunscreen ကို အမြဲလိမ်းပါ။

ပူလွန်းတဲ့ရေနဲ့ချိုးတာ

ရေပူဟာ အေးတဲ့ရာသီဥတုမှာ သက်တောင့်သက်သာရှိနိုင်ပေမယ့် သဘာဝအဆီတွေကို ဖယ်ရှားပစ်တာကြောင့် အသားအရေခြောက်သွေ့မှုကို ဖြစ်စေပါတယ်။ ဒါကြောင့် ရေချိုးတဲ့အခါ ကြက်သီးနွေးရေနဲ့ချိုးပြီး ရေချိုးချိန်ကို ကန့်သတ်ပါ။

မိတ်ကပ်မဖျက်ဘဲအိပ်တာ

တစ်နေကုန်လိမ်းထားတဲ့ မိတ်ကပ်တွေကိုမဖျက်ဘဲ အိပ်တာက ချွေးပေါက်တွေကိုပိတ်စေပြီး တခြားပြဿနာတွေကိုလည်း ဖြစ်စေနိုင်တာမလို့ ညဘက်မအိပ်ခင် မိတ်ကပ်ဖျက်ဖို့ မမေ့ပါနဲ့။

Over-exfoliating လုပ်တာ

Exfoliating လုပ်တာက ဆဲလ်အသတွေကို ဖယ်ရှားဖို့အတွက် မဖြစ်မနေလိုအပ်တာမှန်ပေမယ့် အလွန်အကျွံလုပ်မိရင်တော့ အသားအရေယားတာ ၊ ခြောက်တာတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် တစ်ပတ်ကို တစ်ကြိမ် (သို့) နှစ်ကြိမ် သာလုပ်ပါ။ နူးညံ့တဲ့ Exfoliant ကို ရွေးချယ်ပါ။

လက်၊ ခြေ၊ နှုတ်ခမ်းတို့ကို လျစ်လျူရှုတာ

လက်ပေါ်က အရေပြားက တခြားအသားအရေထက် ပိုပါးလွှာပြီး ခြောက်သွေ့လွယ်ပါတယ်။ ဒါကြောင့် ဗီတာမင် E ကြွယ်ဝတဲ့ Moisturizer ကို ပုံမှန်လိမ်းပေးပါ။ လက်နဲ့ ခြေဖဝါးတို့ကို အအေးဒဏ်ကနေ ကာကွယ်ဖို့ လက်အိတ်နဲ့ခြေအိတ်များ ဝတ်ပါ။ နှုတ်ခမ်းသားကို ရေဓာတ်ဖြည့်ပေးတဲ့ Lip Balm သုံးပါ။

ကြမ်းတဲ့ Cleansers သုံးတာ

မျက်နှာသစ်တဲ့အခါ နူးညံ့ပြီး အစိုဓာတ်ထိန်းပေးတဲ့ မျက်နှာသန့်စင်ဆေးကို ရွေးချယ်မှသာ အဆီမပြန်ဘဲ အဆီတွေကို ဖယ်ရှားပေးနိုင်မှာပါ။