မျက်နှာအသားအရေနဲ့ပက်သက်ပြီး ပျိုမေတိုင်းနီးပါးကြုံရလေ့ရှိတဲ့ ပြဿနာတွေနဲ့ ပြန်လည်သက်သာအောင် ထိန်းသိမ်းနိုင်မယ့် ထိရောက်တဲ့ Skincare နည်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

သင်ကိုယ်တိုင်လည်း ဒီလို Skin ပြဿနာတွေ ခံစားနေရတဲ့သူဆိုရင်တော့ အမြန်ဆုံးသက်သာအောင် ဖော်ပြထားတဲ့နည်းလေးတွေနဲ့ တွဲပြီးထိန်းသိမ်းဖို့ တိုက်တွန်းလိုက်ပါတယ်နော်။

နေလောင်ဒဏ်နဲ့ အရေးအကြောင်းတွေရှိသူ


ဒီပြဿနာအတွက် Sunscreen က အရမ်းအရေးကြီးပါတယ်။ တတ်နိုင်သလောက် အသားအရေကို နေအပူနဲ့ တိုက်ရိုက်မထိတွေ့အောင်လည်းဂရုစိုက်ပေးပါ။ အကာအကွယ်မပါဘဲ နေပူထဲထွက်တာမျိုးကိုရှောင်ပြီး SPF ပါဝင်မှုပမာဏများတဲ့ Sunscreen တစ်မျိုးကို နေ့စဉ်ပုံမှန်လေးလိမ်းပေးဖို့မမေ့သင့်ပါဘူး။

အသားခြောက်တတ်သူ

Photo Source: suttonderm.com

သင်ကအသားခြောက်တတ်သူတစ်ယောက်ဆိုရင်တော့ လွယ်လွယ်ကူကူနဲ့ အသားအရေအစိုဓာတ်ပြန်ရအောင် ရေများများသောက်တတ်တဲ့အကျင့်လုပ်ထားပေးသင့်ပါတယ်နော်။ တစ်နေ့ အနည်းဆုံး ရေ ၂လီတာလောက်ပြည့်အောင် သောက်ပေးပါ။ အသားခြောက်တာကို ပိုဆိုးစေမယ့် Alcohol ၊ အနံ့စတာတွေ ပါဝင်တဲ့ အလှကုန်ပစ္စည်းတွေကို ရှောင်ပေးရပါမယ်။ ရှားစောင်းလက်ပတ်၊ ပျားရည်နဲ့ Shea Butter တို့နဲ့ပြုလုပ်ထားတဲ့ သဘာ၀ Moisturizer တွေကိုအသုံးပြုပေးသင့်ပါတယ်။

ဝက်ခြံထွက်တတ်သူ


ဝက်ခြံထွက်တာက တော်တော်များများဖြစ်တတ်တဲ့ အသားအရေပြဿနာတစ်မျိုးပါ။ များသောအားဖြင့် ဟော်မုန်းအပြောင်းအလဲကြောင့်ဖြစ်တတ်ပြီး အဆီပြန်အသားအရေရှိသူတွေမှာလည်း အဖြစ်များပါတယ်။ ဝက်ခြံထွက်တတ်သူတွေအနေနဲ့ ဝက်ခြံ Breakout ဖြစ်နေတဲ့အချိန် Chemical ပါတဲ့ မိတ်ကပ်ပစ္စည်းတွေနဲ့ မထိတွေ့မိအောင်ရှောင်ပြီး ဝက်ခြံအမြန်ဆုံး ခြောက်သွားဖို့ Tea Tree Oil ကိုအသုံးပြုပေးနိုင်ပါတယ်။

အသားအရောင်မဲညစ်နေသူ


အသားအရေလေး Glow ချင်ပေမယ့် အရောင်မွဲပြီး ပင်ပန်းနေသလိုမြင်ရလို့ စိတ်ညစ်နေတဲ့သူတွေအတွက် အရေးအကြီးဆုံးကတော့ ကိုယ့်ရဲ့အိပ်ချိန်ကို ဂရုစိုက်ပေးဖို့ပါပဲ။ အိပ်ချိန်မှန်တာက အသားအရေအတွင်း ဆဲလ်လည်ပတ်မှုကောင်းစေမှာပါ။ Face Masks လေးတွေကပ်ပေးတာ၊ Serum သုံးပေးတာနဲ့ Exfoliate ပုံမှန်လုပ်ပေးတာတွေကလည်း အသားအရေကို အစိုဓာတ်ရပြီး Glow လာဖို့ ထောက်ပံ့ပေးပါလိမ့်မယ်။

အဆီခဏခဏပြန်တတ်သူ

အဆီအရမ်းပြန်တတ်တဲ့ ပြဿနာရှိသူတွေက ချွေးပေါက်ပိတ်ပြီး ဝက်ခြံထွက်တတ်တာမို့ မိတ်ကပ်လိမ်းရတဲ့အချိန်တွေမှာ မိတ်ကပ်အကြွင်းအကျန်မရှိအောင် Double Cleansing နည်းနဲ့ သန့်စင်ပေးဖို့လိုပါတယ်။ မိတ်ကပ်သေချာမဖျက်ပဲ အိပ်တာမျိုးမလုပ်မိအောင် သတိထားပေးပါ။ Clay နဲ့လုပ်တဲ့ Mask နဲ့ Cleanser တွေက အဆီပြန်တာသက်သာအောင် ကူညီပေးပါလိမ့်မယ်။

Photo Source: Pinterest

By MyStyle Myanmar