လူတိုင်းနီးပါး ဇက်ကြောတက်ခြင်း ဝေဒနာကိုခံစားရပါတယ်။ ဇက်ကြောတက်ရင် အလွန်နေရခက်ပါတယ်။ ထိုင်လို့လည်းမရ၊ မက်တပ်ရပ်လည်းမရနဲ့ စိတ်မသက်မသာဖြစ်ရပါတယ်။ ဒီလိုခံစားရခက်တဲ့ ဇက်ကြောတက်ခြင်းဝေဒနာက ဘာကြောင့်ဖြစ်ရတာလဲ။ ဒီနေ့တော့ ဇက်ကြောတက်ရခြင်းရဲ့ အကြောင်းအရင်းတွေကို ပြောပြပေးသွားမှာပါ။

ကိုယ်နေကိုယ်ထား မမှန်ကန်ခြင်း

Photo : Cleveland Clinic’s Health Essentials

ကိုယ်နေကိုယ်ထား မမှန်ကန်ခြင်းက ဇက်ကြောတက်ခြင်းကို ဖြစ်စေပါတယ်။ ကွန်ပျူတာရှေ့ထိုင်ခြင်း၊ ဖုန်းသုံးခြင်း၊ တီဗီကြည့်ခြင်း၊ စာအုပ်ဖတ်ခြင်းနှင့် ကားမောင်းခြင်းစသဖြင့် လုပ်တဲ့အချိန်မှာ ကိုယ်နေဟန်ထားမမှန်ကန်ပါက ဇက်ကြောတက်စေပါတယ်။ ထိုအရာများကို အချိန်ကာလကြာမြင့်စွာ ပြုလုပ်နေမယ်ဆိုရင်တော့ ဇက်ကြောတွေ နာကျင်လာပါလိမ့်မယ်။

အိပ်စက်ပုံ ကိုယ်နေကိုယ်ထား မမှန်ကန်ခြင်း

Photo : ACAHF

အိပ်ရာနိုးတဲ့ အချိန်မှာ ဇက်တောင့်ပြီး နာကျင်နေတာ ကြုံဖူးကြမှာပါ။ ဒါဟာ တစ်ညလုံး ကိုယ်နေကိုယ်ထားမှန်ကန်စွာ မအိပ်လိုက်လို့ပဲ ဖြစ်ပါတယ်။ သင့်တော်မယ့် ခေါင်းအုံး၊ အိပ်ရာတွေ အသုံးပြုသင့်ပါတယ်။

ဇက်ကြောလွဲခြင်းနှင့် ဇက်ကိုအသုံးများခြင်း

Photo : Orhhopaedic Associates

ဒီအချက်ကတော့ဇက်ကြောတက်ခြင်းကို အများဆုံးဖြစ်စေတဲ့ အကြောင်းအရင်းတွေပါ။ ရက်အနည်းငယ် ဒါမှမဟုတ် သီတင်းပတ်အနည်းငယ်အတွင်းမှာ ကုသစရာ မလိုဘဲ သက်သာပျောက်ကင်းသွားနိုင်ပါတယ်။

ဒဏ်ဖြစ်ခြင်း

Photo : Dreamstime

လည်ပင်းကိုဆတ်ကနဲလှည့်လိုက်တာကြောင့်လည်းကောင်း၊ အားကစားလုပ်ခြင်းကြောင့်လည်းကောင်း၊ မတော်တဆတွေကြောင့်လည်းကောင်း ဇက်နာနိုင်ပါတယ်။ အားကစားကြောင့် လည်းပင်းရှိ အာရုံကြောများ ထိခိုက်ခံရပြီး လည်ပင်း၊ လက်နဲ့ ပခုံးတို့မှာ နာကျင်ခြင်း၊ ထုံခြင်း၊ အားနည်းခြင်းတို့ ခံစားရနိုင်ပါတယ်။

မတော်တဆမှုတွေကြောင့် လည်ပင်းရှေ့သို့၊နောက်သို့ ၊ ဘေးသို့ တွန်းခံ၊ဆွဲခံလိုက်ရနိုင်ပါတယ်။ ဇက်ကို ဆွဲဆန့်လိုက်သလိုဖြစ်သွားပြီး အရွတ်များ ထိခိုက်ဒဏ်ရာ ရသွားပါတယ်။ ဒါကြောင့် ဇက်နာခြင်း၊ ဇက်တောင့်တင်းခြင်းနဲ့ လှုပ်ရှားရခက်ခဲခြင်းတို့ ခံစားလာရနိုင်ပါတယ်။