မင်္ဂလာပါ MyStyle Myanmar ရဲ့ စာဖတ်ချစ်ပရိတ်သတ်တို့ရေ။ အပြင်သွားရင်းနဲ့ အတွင်းခံဆိုင်ရှေ့ဖြတ်သွားတဲ့အခါ လှတဲ့အစုံလေးတွေတွေ့တာနဲ့ ဝယ်လိုက်ဦးမယ်လို့ တွေးမိတတ်ကြလားမသိဘူးရှင့်။

အကယ်လို့ ဝယ်မိတတ်တဲ့ ပျိုမေလေးများရှိတယ်ဆိုရင်တော့ ဒီဆောင်းပါးလေး ဖတ်ကိုဖတ်သင့်ပါတယ်နော်။

လူမမြင်ရာ အတွင်းမှာနေတဲ့ အတွင်းခံတွေဆိုပေမယ့်လည်း အဝယ်မှား၊ အဝတ်မှားသွားခဲ့ရင် လူကြားထဲမှာ အရှက်ရစရာတွေဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ဘယ်လိုအမှားတွေကို ပြင်ဆင်ရမလဲဆိုတာကို အခုပြောပြပေးမယ်နော်။

၁။ ဘရာအသား

ဇာနဲ့ပြုလုပ်ထားတဲ့ ဘရာဇီယာတွေကို ဝတ်တော့မယ်ဆိုရင် အပေါ်က ကြပ်တဲ့အဝတ်အစားတွေ မဝတ်မိပါစေနဲ့။ အင်္ကျီအသားက ကိုယ်နဲ့ကပ်သွားတဲ့အခါ အတွင်းကအရာကိုပါ ထင်းခနဲပေါ်သွားစေနိုင်တာကြောင့် ကိုယ်ဘယ်လိုအမျိုးအစားဝတ်ထားတယ်ဆိုတာ လူတွေသတိထားမိသွားနိုင်ပါတယ်။

၂။ အောက်ခံဘောင်းဘီ

အချို့မိန်းကလေးတွေဟာဆိုရင် နိုင်ငံခြားမဂ္ဂဇင်းတွေထဲက မော်ဒယ်လ်တွေလိုမျိုး ခန္ဓာကိုယ်အချိုးအစား ကောက်ကြောင်းကို ပေါ်လွင်စေချင်တာကြောင့် ကိုယ်နဲ့ကွက်တိဖြစ်တာထက် ပိုပြီးဆိုဒ်သေးတာကို ရှာဝယ်တတ်ကြပါတယ်။ ခြောက်နာရီထက်ပိုပြီးတော့ အရမ်းကြပ်တဲ့အတွင်းခံကို ဝတ်မယ်ဆိုရင် သွေးလည်ပတ်မှုအနှောင့်အယှက်ဖြစ်သွားစေနိုင်ပါတယ်။

၃။ ဘရာဆိုဒ်

ဘရာဆိုဒ်သေးလွန်းရင်လည်း သွေးလည်ပတ်မှုကိုနှောင့်ယှက်စေနိုင်သလို အရမ်းကြီးပြန်ရင်လည်း ရင်သားနဲ့အံကိုက်မကျဘဲ ပုံမကျ ပန်းမကျ ဖြစ်သွားစေနိုင်ပါတယ်။ အကယ်လို့ ကိုယ်ကရင်သားဖွံ့ဖွံ့ဖြိုးဖြိုးရှိတာကို နှစ်သက်တယ်ဆိုရင်တော့ ဖော့ပါတဲ့ Push-up ဘရာတွေကို ရွေးချယ်ဝတ်ဆင်နိုင်ပါတယ်။

၄။ အတွင်းခံအရောင်

အဖြူရောင်အင်္ကျီအောက်ကနေ အနက်ရောင်ဘရာခံဝတ်တာက တချိန်တုန်းကတော့ ခေတ်တစ်ခုဖြစ်ကောင်းဖြစ်ခဲ့နိုင်ပါတယ်။ ဒါပေမယ့် အခုခေတ်မှာဝတ်ဆင်ခြင်းက လူကြားထဲသွားလာရတဲ့အချိန်၊ အထူးသဖြင့် အထက်လူကြီးတွေနဲ့တွေ့ဆုံရတဲ့အခါမှာ အမြင်မတင့်တယ် စေနိုင်တာကြောင့် အရောင်ဖျော့တာကို ရွေးချယ်ပါ။

၅။ အိမ်မှာနေရင်း..

အပြင်ကနေပြန်လာလို့ အိမ်ပြန်ရောက်တာအခါမှာ လွတ်လွတ်လပ်လပ်နဲ့ ပေါ့ပေါ့ပါးပါးရှိဖို့အတွက် ဘရာဇီယာကိုချွတ်လိုက်တဲ့ ပျိုမေလေးတွေလည်း ရှိမှာပါ။ ဒါပေမယ့် ဒီလိုလုပ်ရပ်က ရင်သားသေးတဲ့မိန်းကလေးများအတွက်သာ သင့်တော်ပါတယ်။ ဒါကြောင့် အိမ်မှာနေရင်းနဲ့ ဘရာဇီယာ မဝတ်ချင်ဘူးဆိုရင် အခုလိုမျိုး သက်သောင့်သက်သာရှိတဲ့ အားကစားဘရာလေးတွေကို ဝတ်ဆင်ပေးလိုက်ပါ။

၆။ အတွင်းခံအသား

၁၀၀ ရာခိုင်နှုန်း ချည်သားနဲ့ပြုလုပ်ထားတဲ့ အဝတ်အစားတွေက သက်သောင့်သက်သာရှိသလို ကျန်းမာရေးအတွက်လည်းအထူးကောင်းမွန်ပါတယ်။ ဒါပေမယ့်လည်း မြန်မြန်ဆန်ဆန် ကွင်းကျယ်သွားပြီး အပြဲလွယ်နိုင်ပါတယ်။ ဒါကြောင့် အတွင်းခံအဝတ်အစားဝယ်တော့မယ်ဆိုရင် ချည်သား ၈၀ ရာခိုင်နှုန်း၊ Elastane ၂၀ ရာခိုင်နှုန်းပါတာကို ဝယ်ယူဝတ်ဆင်ပါ။

၇။ အတွင်းခံဘောင်းဘီပုံစံ

မိန်းကလေးအများစုဟာ အဝတ်အစားဝတ်ရင်မသိသာတဲ့ ပထမတစ်ခုလိုအတွင်းခံမျိုးကိုဝတ်ဆင်ရတာ ကြိုက်ကြပါတယ်။ ဒါပေမယ့် ဒီလိုဘောင်းဘီမျိုးတွေဟာ အသားအရေကိုယားယံစေပြီး ဘက်တီးရီးယားတွေပေါက်ဖွားစေနိုင်တာကြောင့် နေ့စဉ်ဝတ်ဆင်ခြင်းကို ရှောင်ရှားကာ ပိုပြီးသက်သောင့်သက်သာရှိမယ့် ဘောင်းဘီများကိုသာ အများအားဖြင့် ဝတ်ဆင်ပေးပါ။

Source: BrightSide