ဂျင်းဘောင်းဘီတွေဝတ်တဲ့အခါမှာ မိန်းကလေးအများစု လုပ်လေ့ရှိတဲ့ အမှားတွေကို ပြောပြပေးလိုက်ပါတယ်။ ဒါမှလည်း ဝတ်တဲ့အခါမှာ ဖက်ရှင်ကျပြီး အမြဲတမ်း စမတ်ကျကျနဲ့ လှပနေမှာပါ။

ဂျင်းအရောင်တူတာမဝတ်ပါနဲ့

အောက်ကလည်း ဂျင်းဘောင်းဘီဝတ်တဲ့အပြင် အပေါ်ကလည်း ဂျင်းအင်္ကျီဝတ်မယ်ဆိုရင် ဂျင်းအရောင်တူတာမျိုး လုံးဝမဝတ်ပါနဲ့။ ကြည့်ရဆိုးပြီး လုံးဝမလှပါဘူး။ ဝတ်ထားတာလည်း မပေါ်လွင်စေပါဘူး။

Skinny ဂျင်းကို ခါးပတ်မပါပဲဝတ်ခြင်း

Skinny ဂျင်းတွေကိုဝတ်တဲ့အခါမှာ အင်္ကျီအထဲထည့်ဝတ်မယ်ဆိုရင် ခါးပတ်မပါပဲ မဝတ်ပါနဲ့။ တစ်ခုခုလိုနေသလိုမျိုး ဖြစ်နေစေပါတယ်။ ခါးပတ်နဲ့ဝတ်မှ စမတ်ကျပြီး ပိုလှပါတယ်။

ဘောင်းဘီအနောက်အိတ်ကပ်

ဂျင်းဘောင်းဘီတွေဝတ်တဲ့အခါမှာ ကိုယ်နဲ့ဆိုဒ်ကွက်တိဖြစ်တာမျိုးကို ရွေးချယ်ပါ။ ဘောင်းဘီအနောက်အိတ်ကပ်က တင်ပါးအောက်ကျနေတာမျိုးဆို ကြည့်ရဆိုးစေပါတယ်။ တင်ပါးနဲ့ကွက်တိဖြစ်ပြီး fit ဖြစ်နေမှ ပိုလှတာပါ။

Skinny ဂျင်းက ရှည်နေခြင်း

Skinny ဂျင်းတွေဝတ်မယ်ဆိုရင် ဘောင်းဘီကရှည်နေရင် အဆင်မပြေပါဘူး။ ဘောင်းဘီပုံမကျသလို ဖြစ်စေပါတယ်။ ဒါကြောင့် ရှည်နေရင် ပြင်ပြီးဝတ်တာက ပိုအဆင်ပြေပါတယ်။

Boots အရှည်တွေစီးမယ်ဆိုရင်

ဂျင်းဘောင်းဘီဝတ်ပြီး boots အရှည်တွေစီးမယ်ဆိုရင် boots ကို အရောင်ကွဲထွက်နေတာမျိုးတွေ မစီးပါနဲ့။ ဂျင်းအရောင်နဲ့လိုက်ဖက်တာမျိုး အကောင်းဆုံးကတော့ အနက်ရောင် boots က အကောင်းဆုံးပါပဲ။

ရှည်နေတာကိုခေါက်ဝတ်ခြင်း

ဂျင်းဘောင်းဘီအရှည်ဝတ်တဲ့အခါမှာ ကိုယ်နဲ့ရှည်နေရင် ခေါက်ဝတ်တာမျိုးမလုပ်ပဲ ဖြတ်ဝတ်ပါ။ ပြင်တဲ့ဆိုင်မှာ ဖြတ်ပြီးပြင်ပါ။ ရှည်နေတာကို ခေါက်ဝတ်တာက ပုံမကျပါဘူး။ ကြည့်ရလည်းဆိုးစေပါတယ်။ စတိုင်လ်ကျပြီး ဖက်ရှင်မပျက်လှချင်ရင်တော့ ပြင်ဝတ်တာမျိုးပဲ လုပ်သင့်ပါတယ်။