ဆံပင်ဖြူတာကို ဖုံးဖို့ဘဲဖြစ်ဖြစ် ဒါမှမဟုတ် အရောင်ဆိုးရတာကို ကြိုက်လို့ဘဲဖြစ်ဖြစ် ဆံပင်ကိုဆေးဆိုးပြီးရင် အရောင်ကျမြန်တာတွေနဲ့ပတ်သက်ပြီး ညည်းညူတတ်ကြပါတယ်။ တကယ်‌တော့ ဒီလိုဆံပင်ပြဿနာတွေအတွက် ကိုယ့်ကိုယ်ကိုဘဲ အပြစ်တင်ရမှာပါ။ ဘာလို့လဲဆိုတော့ အများစုက ဆံပင်ဆေးဆိုးပြီးနောက်ပိုင်း ဒီအချက်တွေကို လုပ်မိနေလို့ပါ။

ခနခနခေါင်းလျှော်တာ

ခေါင်းကို လိုတာထက်ပိုပြီးခနခနလျှော်တဲ့အခါ ဆံပင်ရဲ့သဘာအဆီတွေခမ်းကုန်ပြီး အရောင်ကျမြန်စေပါတယ်။ ဒါကြောင့် ဆံပင်ကို နေ့တိုင်းမလျှော်ပါနဲ့။

ရေပူနဲ့လျှှော်တာ

ရေနွေးအပူနဲ့ခေါင်းလျှော်တဲ့အခါ အပူဓာတ်က ဆံပင်ရဲ့မော်လီကျူးတွေကို ပွင့်စေတာမလို့ အရောင်တွေထွက်သွားတတ်ပါတယ်။ ဒါကြောင့် ခေါင်းလျှော်တဲ့အခါ ရေအေးကအကောင်းဆုံးပါပဲ။

Styling Tools တွေအသုံးများတာ

အပူနဲ့လုပ်ရတဲ့ Styling Tools တွေက ဆံပင်ကိုပုံကျစေတာ လှစေတာမှန်ပေမယ့် အရောင်ဆိုးထားတဲ့ ဆံပင်ကိုတွေကိုတော့ ပျက်စီးစေပြီး အရောင်ကျမြန်စေပါတယ်။

Sulfates ပါတဲ့ Products တွေသုံးတာ

ခေါင်းလျှော်ရည်မှာပါတဲ့ Sulfates က အရောင်ကျစေတဲ့အပြင် အရောင်ကျနေတဲ့ဆံပင်ရဲ့ အစိုဓာတ်ကိုလည်း ဖယ်ရှားပစ်တာမလို့ အရောင်တာရှည်ခံစေဖို့ Sulfates ပါတဲ့ Products တွေကို မသုံးသင့်ပါဘူး။