ခန္ဓာကိုယ်လှပဖို့အတွက် တော်တော်များများက Gym ကိုပဲအားကိုးလာကြပါတယ်။ Gym ဆော့တာက ကောင်းတယ်ဆိုပေမယ့် တစ်ခါတစ်လေမှာပြုလုပ်မိနေတဲ့ အမှားတစ်ချို့ကြောင့် အဆင်မပြေတာတွေနဲ့လည်း ကြုံတွေ့လာရနိုင်တာမျိုးတွေလည်းရှိပါတယ်။ အဲဒါကတော့

Gym ဆော့တော့မယ့်အချိန်မျိုးမှာ သွေးပူလေ့ကျင့်ခန်းအရင်မလုပ်ပေးမိတာမျိုးတွေက ခန္ဓာကိုယ်အတွက်ရော၊ ကျန်းမာရေးအတွက်ပါထိခိုက်နိုင်တဲ့ အချက်လို့ပြောလို့ရပါတယ်။ Gym ဆော့တယ်ဆိုတာ ပြင်းထန်တဲ့လေ့ကျင့်ခန်းမျိုးတွေကိုလည်း လုပ်ရနိုင်တာကြောင့် မဆော့ခင် ၁၅ မိနစ်လောက်အလိုမှာ သွေးပူလေ့ကျင့်ခန်းလေးလုပ်မယ်ဆိုရင် ကြွက်သားတွေကိုလည်း အားကစားလုပ်ဖို့အသင့်ဖြစ်နေစေမှာပဲဖြစ်ပါတယ်။

တစ်မျိုးထဲကိုပဲ ဆော့တာမျိုးတွေမလုပ်သင့်ပါဘူး။ Gym သွားဆော့ပြီဆိုရင် ပစ္စည်းအစုံနဲ့ဆော့ကြည့်သင့်ပါတယ်။ တစ်မျိုးလောက်ပဲဆော့ပြီး ပြန်လာတာမျိုးတွေ၊ နေ့တိုင်းဒါပဲ ဆော့နေတာမျိုးတွေက ခန္ဓာကိုယ်အတွက်လည်း အမှန်တကယ်ထိရောက်မှုမရှိစေနိုင်ပါဘူးနော်။

Gym မှာ လူပေါင်းစုံဆော့နေပြီး ချွေးတွေနဲ့ဆော့နေကြတဲ့သူတွေချည်းပါပဲ။ ပစ္စည်းတစ်ခုကိုဆော့တော့မယ်ဆိုရင် အရင်ဆုံးအဝတ်လေးနဲ့ သန့်ရှင်းရေးလုပ်ပြီး ဆော့တာက ကျန်းမာရေးအတွက်လည်း သင့်တော်ပြီး ကူးစက်ရောဂါတွေကိုလည်း မဖြစ်စေနိုင်တော့ပါဘူး။

သင်ပေးမယ့်နည်းပြဆရာမရှိပဲဆော့နေတာကလည်း မှန်ကန်တဲ့အချက်တော့မဟုတ်တာ အသေချာပါပဲ။ ကိုယ်က Gym နဲ့ပတ်သက်ပြီးတော့ ရင်းနှီးထားတာမျိုးတွေလည်းမရှိပဲ သင်ပြပေးမယ့်သူကိုမခေါ်ပဲ ဒီတိုင်းဆော့နေမယ်ဆိုရင် နည်းလမ်းအမှားတွေကြောင့် ပိုပြီးတော့အခက်တွေ့စေနိုင်ပါတယ်။ ဒါကြောင့် တစ်လလောက်တော့ နည်းပြဆရာနဲ့တူတူဆော့ပေးဖို့လိုပါလိမ့်မယ်နော်။

ရည်မှန်းချက်မထားပဲနဲ့ Gym ဆော့နေတာမျိုးက သိပ်တော့ထိရောက်မှုရှိမှာမဟုတ်ပါဘူး။ ဘယ်နှစ်လအတွင်းမှာ ဘယ်လိုခန္ဓာကိုယ်မျိုးကိုရရမယ်ဆိုပြီး ရည်မှန်းချက်ထားပြီး ဆော့မယ်ဆိုရင်တော့ စိတ်အားထက်သန်မှုပိုရှိပြီး အဆင်ပြေစေမှာပဲဖြစ်ပါတယ်။

Photo Source: Shutterstock