နွေရာသီရောက်လာပြီဆိုရင် အရမ်းပူတဲ့အတွက် အသားအရေပြဿနာတင်မဟုတ်ပဲ ဆံပင်နဲ့ပတ်သက်တဲ့ ပြဿနာတွေလည်း ဖြစ်လာတတ်ပါသေးတယ်။ ဒါကြောင့် ကြိုတင်ကာကွယ်လို့ရအောင် နွေရာသီရောက်လာရင် ကြုံတွေ့ရလေ့ရှိတဲ့ ဆံပင်ပြဿနာတွေကို ပြောပြပေးလိုက်ပါတယ်။

ဦးရေပြားအဆီပြန်ခြင်း

နွေရာသီဆိုရင် ပူပြီးချွေးအရမ်းထွက်တဲ့အတွက် ဦးရေပြားကလည်း ပုံမှန်ထက်ပိုပြီး အဆီပြန်တာတွေ ဖြစ်စေပါတယ်။ ဦးရေပြားအဆီပြန်တဲ့အခါ ဆံပင်အဆီပြန်ပြီး ခဏခဏခေါင်းလျှော်ရတာမျိုး၊ ခေါင်းလျှောက်ရင် ပိုဆိုးလာတာမျိုးတွေ ဖြစ်စေပါတယ်။

ဆံပင်ကျွတ်ခြင်း

နွေရာသီမှာ ဆံသားပျက်စီးလွယ်တဲ့အတွက် ဆံပင်ကလည်း အလွယ်တကူ ကျွတ်တတ်ပါသေးတယ်။ ဒါကြောင့် ခေါင်းလျှော်ရည်ကို သေချာရွေးသုံးပြီး ကိုယ့်ဆံသားကို သေချာဂရုစိုက်ပေးပါ။

ဆံပင်အရောင်မှိန်ခြင်း

နွေရာသီမှာ နေပြင်းတဲ့အတွက် ဦးထုပ်၊ ထီး စတဲ့ အကာအကွယ်မပါပဲ နေပူထဲတွေသွားလာနေရင် ဆံပင်အရောင်မှိန်တာတွေ ဖြစ်လာစေပါတယ်။ ဒါကြောင့် အပြင်ထွက်ရင် ဦးထုပ်၊ ထီးဆောင်းပါ။ Sun Spray ဖြန်းပေးပါ။

ဆံသားဖွာပြီးခြောက်သွေ့ခြင်း

နွေရာသီမှာဆိုရင် ဆံသားအဆီဓာတ်ဆုံရှုံးပြီး ဦးရေပြားနဲ့ ဦးရေပြားထိပ်နား ဆံပင်ကလွဲလို့ အောက်ဖျားပိုင်းဆံပင်တွေက ခြောက်သွေ့ပြီး ဖွာနေတာမျိုး၊ ပျက်စီးတာမျိုးတွေ ပိုဖြစ်လွယ်ပါတယ်။ ဒါကြောင့် Hair Oil နဲ့ Conditoner ကို မဖြစ်မနေသုံးရပါမယ်။

ဦးရေပြားယားယံခြင်း

ဦးရေပြားကအဆီနဲ့ ချွေးနဲ့ ဖုန်မှုန့်အညစ်အကြေးတွေနဲ့ရောပြီး ဦးရေပြားယားယံတာတွေလည်း အလွယ်တကူဖြစ်စေတာ နွေရာသီပါပဲ။ ဒါကြောင့် နွေရာသီမှာလည်း ဆံသားကို သေချာထိန်းသိမ်းဖို့ Care လုပ်ပေးဖို့က အရမ်းကိုအရေးကြီးပါတယ်။