အခုပြောမှာကတော့ လူတိုင်းလိုလို တစ်နည်းနည်းနဲ့ အမှတ်တမဲ့ လုပ်နေမိတတ်တဲ့ အကျင့်လေးတွေအကြောင်း ဖြစ်ပါတယ်။ ဒီအကျင့်လေးတွေဟာ ပုံမှန်အားဖြင့် ဘာပြဿနာမှ မရှိဘူးထင်ပေမယ့် တစ်ချိန်ချိန်မှာ ကိုယ့်ကိုယ် ဒုက္ခပေးနိုင်လို့ ဖြစ်ပါတယ်။ ကဲ.. ဘယ်လိုအကျင့်လေးတွေလဲ ဆိုတာ တစ်ချက်လောက် ကြည့်ရအောင်ပါ။

(၁) အိပ်တဲ့ပုံစံ

Photo : Verywell Health

အိပ်စက်မှုပုံစံက သင့်ကျန်းမာရေးအပေါ် သက်ရောက်မှုရှိပါတယ်။ မှောက်လျက်သား အိပ်တတ်ခြင်းဟာ အသက်ရှုမရအောင် ပိတ်ထားသလို ဖြစ်တာကြောင့် သွေးလှည့်ပတ်မှု မတည်မငြိမ်ဖြစ်စေတဲ့အပြင် ကျောရိုးမကြီးနဲ့ မျက်နှာပေါ်က အရေပြားတွေအတွက်လည်း မကောင်းပါဘူး။

(၂) နေကြာစေ့ကို သွားနဲ့ ခွာခြင်း

Photo : 123RF.com

နေကြာစေ့အခွံကို သွားနဲ့ ခွာနေမိတဲ့ အကျင့်ကလည်း သတိထားရမယ့် အကျင့်တစ်ခုပါတဲ့။ သာမန်ကြည့်မယ်ဆိုရင် ဘာမှ မဟုတ်ပေမယ့် ဒီလိုလုပ်တာဟာ သွားတွေအတွက် အန္တရာယ်ရှိနိုင်ပါတယ်။ အလားတူပါပဲ။ ခပ်မာမာ ပစ္စည်းတစ်ခုခု ဥပမာ- ဘောပင်/ခဲတံလိုမျိုးကို သွားနဲ့ ကိုက်တတ်တဲ့ အကျင့်ကလည်း သွားကျန်းမာရေးအတွက် ပြဿနာရှိပါတယ်။

(၃) နှာချေတာကို လက်နဲ့ပိတ်ထားခြင်း

Photo : Daily Mercury

နှာချေချင်တာကို လက်နဲ့ အုပ်လိုက်ခြင်းဟာ ကျန်းမာရေးပြဿနာ ဖြစ်သွားနိုင်ပါတယ်။ အရှိန်နဲ့ နှာချေမှုကို ပိတ်လိုက်ခြင်းအားဖြင့် နှာရည်လမ်းကြောင်းထဲကနေ တစ်ဆင့် နားအကြားအာရုံပေးတဲ့ ဆလင်ဒါအိုးကို ရိုက်လိုက်သလို ဖြစ်ပြီး အကြားအာရုံထိခိုက်စေနိုင်ပါတယ်။ လည်ပင်းတစ်ခုလုံးလည်း ဒဏ်ဖြစ်သွားနိုင်ပါတယ်။

(၄) အနာကို လေမှုတ်ခြင်း

Photo : ReviewBox

ထိခိုက်ရှနာ ဖြစ်နေတဲ့ နေရာကို တံတွေးဆွတ်တာ ၊ လေနဲ့ မှုတ်လိုက်တာဟာ အနာကျက်တဲ့ ဖြစ်စဉ်ကို နှေးကွေးစေပါတယ်။ အကြောင်းက လူတစ်ယောက်ရဲ့ ပါးစပ်ထဲမှာ အနုဇီဝပိုးမွှားပေါင်း ၆၀၀ နီးပါး ရှိတာဖြစ်လို့ သွေးထွက်နေတဲ့ အနာဟာ သူတို့အတွက် သားပေါက်ကွင်းကြီး တစ်ခု ဖြစ်သွားနိုင်လို့ ဖြစ်ပါတယ်။

(၅) Chewing Gum အစားများခြင်း

Photo : Today I Found Out

ပီကေဝါးတာဟာ မိနစ်အတော်ကြာတဲ့ စားသောက်မှုဖြစ်စဉ်တစ်ခုပါ။ တစ်ခါတစ်လေ အမှတ်တမဲ့ ပီကေဝါးနေမိတာ နာရီဝက် တစ်နာရီလည်း ကြာချင်ကြာသွားတာမျိုး ကြုံဖူးမှာပါ။ Chewing Gum တွေ စားခြင်းဟာ သွားထဲမှာ ရှိတဲ့ အစာချေရည်စွန့်ထုတ်မှု ပိုမြင့်စေပါတယ်။ အကျိုးဆက်က သွားတွေနဲ့လာပြီး သွားပိုးပေါက်တွေ ဖြစ်လာစေနိုင်ပါတယ်။