မင်္ဂလာပါနော်။ တခြားသူတွေ မျက်ခုံးမွှေး လှလှဆွဲထားတာမြင်တိုင်း ကိုယ်လည်း အဲဒီလို မျက်ခုံးမွှေးလှလှ ဆွဲတတ်ချင်တယ်ဆိုတဲ့ စိတ်မျိုး မိန်းကလေးတိုင်း ဖြစ်ကြမှာပါနော်။
မျက်ခုံးမွှေးရဲ့အလှဟာ လူတစ်ယောက်ရဲ့ သွင်ပြင်အတွက် အရေးပါတဲ့ အလှတရားတစ်ခုဖြစ်ပါတယ်။ မျက်ခုံးမွှေးဆွဲတဲ့အခါ အဓိကဖြစ်တတ်တဲ့ အမှားတွေကို ရှောင်နိုင်ဖို့ မျှဝေပေးချင်ပါတယ်။
၁။ မျက်ခုံးမွှေးအရမ်းနုတ်ခြင်း
မျက်ခုံးမွှေးကို မရှိတော့သလိုထင်ရတဲ့အထိ မနုတ်ပါနဲ့။ အဲဒီလိုနုတ်တာဟာ မျက်ခုံးမွှေးဆွဲတာကို ပိုပြီးအခက်အခဲဖြစ်စေပါတယ်။ ခဏခဏ နုတ်ပေးတာဟာလည်း မကောင်းပါဘူး။ ၂ ပတ်ကို တစ်ကြိမ်လောက်နုတ်ရင် (သို့) ရိတ်ပေးရင် (သို့) Waxing လုပ်ပေးရင်ရပါပြီ။
၂။ မျက်ခုံးမွှေးအလွန်အကျွံဆွဲခြင်း
မျက်ခုံးမွှေးဆွဲတဲ့အခါ မျက်ခုံးမွှေးခဲတံကို အများကြီးဆိုးပေးတာဟာလည်း သင့်ကို ဆွဲဆောင်မှုလျော့နည်းစေပါတယ်။ ဒါ့ကြောင့်အဲဒီလိုလုပ်တာမျိုးမလုပ်ပါနဲ့။
၃။ မိတ်ကပ်မလိမ်းခင် မျက်ခုံးမွေးအရင်ဆွဲခြင်း
မျက်ခုံးမွှေးကို နောက်ဆုံးမှ ဆွဲပေးတာ အကောင်းဆုံးပါပဲ။မဟုတ်ရင်တော့ မျက်ခုံးမွှေးနားမှာ ဖောင်ဒေးရှင်းတွေလည်း ပေကျံပြီး ကြည့်ရအဆင်ပြေမှာမဟုတ်ပါဘူး။
၄။ မျက်ခုံးမွှေးမည်းမည်းဆိုးခြင်း
မျက်ခုံးမွှေးဆိုးတဲ့အခါ အညိုရောင် (သို့) အညိုရင့်ရောင်ကိုပဲဆိုးပေးပါ။ အမည်းရောင်ကို ဆိုးပေးတာဟာ သင့်ကိုရုပ်ရင့်စေပါတယ်။
၅။ ဘယ်နေရာက စဆွဲပြီး ဘယ်နေရာမှာဆုံးမလဲ
သင့်နှာခေါင်းရိုးနဲ့ မျက်ခုံးမွှေး တန်းတန်းဆုံရာကနေ စဆွဲပြီး သင့်နှာရိုးနဲ့ ဘေးစောင်း ဆုံတဲ့နားမှာ အဆုံးသတ်ပါ။