လူတိုင်းက ဘယ်အချိန်ကြည့်ကြည့် အလှဆုံးဖြစ်ချင်ကြတာချည်းပါပဲ။ ဒါပေမယ့် တခါတလေကျရင် ကိုယ်မထင်မှတ်ဘဲ လုပ်လိုက်မိတဲ့ အပြုအမူလေးတွေက ကိုယ်တောင်သတိမထားမိချိန်မှာ အနှောင့်အယှက်တစ်ခု ဖြစ်လာနိုင်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ကိုယ့်ရဲ့အသွင်အပြင် ရုပ်ရည်ကို ထိခိုက်အန္တရာယ်ဖြစ်လာစေနိုင်လို့ ရှောင်ရှားရမယ့် နေ့တဓူဝက အပြုအမူတွေပဲဖြစ်ပါတယ်။

၁။ မကြာခဏ ခေါင်းစည်းကြိုး တင်းတင်းစည်းခြင်း

တခါတလေဆို ပြဿနာမရှိပေမယ့် ခဏခဏ ဆံပင်စည်းတဲ့အခါ တင်းအောင်စည်းမိမယ်ဆိုရင်တော့ ဆံပင်နဲ့ဦးရေပြားက အားနည်းလာပြီးတော့ ဆံပင်ကျိုးကြေခြင်း၊ ခေါင်းကိုက်ခြင်း၊ ဦးရေပြားနာခြင်း စတာတွေဖြစ်စေနိုင်ပါတယ်။

၂။ လက်ချောင်းနဲ့ အလှကုန်ပစ္စည်းတွေ ကလော်ယူခြင်း

ဘယ်လောက်ပဲ လက်ကိုမှန်မှန်ဆေးတယ် ပြေပါစေ လက်တွေမှာက မမြင်နိုင်တဲ့ ဘက်တီးရီးယားတွေ ရှိကိုရှိနေပါသေးတယ်။ မိတ်ကပ်ခရင်မ် သို့မဟုတ် လိုးရှင်းဘူးတွေထဲကို လက်ချောင်းနဲ့နှိုက်ယူမယ်ဆိုရင် အဲ့ထဲကို ဘက်တီးရီးယားတွေ ပြောင်းထည့်ပေးလိုက်သလိုပါပဲ။ အလှကုန်ပစ္စည်းတွေလည်း ကြာရှည်မခံတော့သလို ဒီအလှကုန်ပစ္စည်းလိမ်းလိုက်မိတဲ့ သင့်ရဲ့အသားအရေဟာလည်း ပြဿနာတွေတောင် ဖြစ်လာနိုင်ပါတယ်။

ဒါကြောင့် ဇွန်းလေးတွေအသုံးပြုတာဖြစ်ဖြစ် ညှစ်လို့ရတဲ့ခေါင်းပါတဲ့ လေလုံဘူးတွေကို သုံးလိုက်ပါ။

၃။ အိမ်ပြန်ရောက်ရင် အဝတ်အစားမလဲခြင်း

အပြင်မှာတစ်နေကုန်သွားလာပြီး အိမ်ပြန်ရောက်လည်း ဒီအဝတ်အစားနဲ့ပဲ ဆက်နေခြင်းက သင့်ရဲ့အသွင်အပြင်အတွက်ရော တစ်ကိုယ်ရည်သန့်ရှင်းရေးအတွက်ပါ မကောင်းပါဘူး။ အညစ်အကြေးတွေ၊ ဖုန်မှုန့်တွေ၊ ဘက်တီးရီးယားတွေက သင့်အဝတ်အစားမှာ တစ်နေကုန်ကပ်ညှိနေပြီမို့ အိမ်ထဲမှာ ထပ်ဝတ်ထားမယ်ဆိုရင် အသားအရေယားယံခြင်း၊ ဝက်ခြံထွက်ခြင်း၊ ဓာတ်မတည့်ခြင်းတွေပါ ဖြစ်လာစေနိုင်ပါတယ်။ အဆိုးဆုံးကတော့ ဒီအဝတ်အစားတွေနဲ့ အိပ်ယာဝင်ခြင်းပါပဲ။

၄။ မျက်နှာကို မကြာခဏ ကိုင်ခြင်း

အပေါ်မှာပြောခဲ့သလိုပဲ မျက်နှာကိုလက်နဲ့ထိလိုက်မယ်ဆိုရင် ဘက်တီးရီးယားတွေနဲ့ အဆီညစ်တွေကို မျက်နှာပေါ်ပြောင်းရွှေ့ပေးလိုက်သလို ဖြစ်စေပြီး ဝက်ခြံ၊ အနီစက်၊ တခြားအသားအရေပြဿနာတွေကို ကြုံလာရနိုင်ပါတယ်။ အကယ်လို့ သင်က လက်ထောင်ပြီးမျက်နှာထိတတ်တာ သို့မဟုတ် မကြာမကြာ မျက်လုံးပွတ်တတ်သူတွေဆိုရင် အရွယ်မတိုင်ခင် အရေးအကြောင်းတွေ ပါးရေနားရေတွန့်တာတွေ ဖြစ်လာပါလိမ့်မယ်။

၅။ ဘီးရွေးချယ်မှုမှားခြင်း

၆။ လည်ပင်းနဲ့ရင်ဘတ်ကို Skincare မလုပ်ခြင်း

မျက်နှာနီးနီး လည်ပင်းနဲ့ ရင်ဘတ်ကလည်း အိုမင်းရင့်ရော်လက္ခဏာတွေနဲ့ နေလောင်ဒဏ်တွေကို သိသိသာသာ ပေါ်စေနိုင်လို့ Skincare လုပ်တိုင်း လည်ပင်းနဲ့ရင်ဘတ်ကိုလည်း မေ့ထားခဲ့လို့မရပါဘူး။

၇။ ဘရာဆိုဒ်မှားခြင်း

ကိုယ်နဲ့ကွက်တိကျတဲ့ ဘရာကို မဝတ်ဘူးဆိုရင် နောက်ကျောတွေနာမယ်၊ အကြောပြတ်ရာတွေလည်း ကျန်ခဲ့နိုင်ပါတယ်။ နောက်ပြီး ရင်သားကိုလည်း မညီမညာဖြစ်စေတယ်၊ ပျော့တွဲတွဲနဲ့ ကြည့်မကောင်းဖြစ်စေနိုင်လို့ သင့်ဆိုဒ်နဲ့သူ အံဝင်ခွင်ကျဖြစ်တဲ့ ဘရာကိုသာ ရွေးချယ်ဝတ်ဆင်ပေးပါ။

၈။ ခါးကိုင်းပြီးဖုန်းသုံးခြင်း

ဒါကတော့ လူတိုင်းပြောနေကျစကားပါ။ ဖုန်းသုံးတာဖြစ်ဖြစ် စာအုပ်ဖတ်တာဖြစ်ဖြစ် ခါးကိုကိုင်းညွတ်ပြီးမသုံးပါနဲ့။ ကြာလာရင် ကိုယ်ဟန်အနေအထားမမှန်တော့တာဖြစ်နိုင်သလို ဇတ်ကြောနာကျင်မှုတွေလည်း ခံစားရနိုင်ပါတယ်။ ဒါ့အပြင် လည်ပင်းမှာလည်း အရေးအကြောင်းတွေ ပေါ်လာပါလိမ့်မယ်။

Source: BrightSide