ဖိနပ်လေးတွေက ကိုယ့်ကို လိုရာ ခရီးဆီ ပို့ဆောင်ပေးနိုင်ပြီး မိန်းကလေးတွေရဲ့ မရှိမဖြစ် ဖက်ရှင်အသုံးအဆောင်ထဲ ပါဝင်ပါတယ်။ ဒါ့အပြင် မိန်းကလေးတစ်ဦးရဲ့ ဖက်ရှင်ကို ပိုလှအောင်လည်း ဖိနပ်တွေက ပံ့ပိုးပေးနိုင်ပါတယ်။ ကိုယ်တွဲဝတ်တတ်ရင် တတ်သလို ဖိနပ်တွေကြောင့် ပိုစတိုင်ကျသွားစေနိုင်ပါတယ်။

ဒီတစ်ခေါက်မှာတော့ မြန်မာ မိန်းကလေးတွေအတွက် မြန်မာပြည် ရာသီဥတုနဲ့ သင့်တော်တဲ့ Sneaker တွေ မဟုတ်ဘဲ ပေါ့ပေါ့ပါးပါး ဝတ်နိုင်မယ့် စတိုင်ကျကျ ဖိနပ် ပုံစံတွေကို ဖော်ပြပါရစေ။

ဖိနပ်အဖြူကိုမှ Shoe ပုံစံလေးတွေက ဂါဝန်၊ စကပ်တွေ ဝတ်တဲ့အခါ ပိုလှစေမှာပါ။

အနက် ကြိုးသိုင်းဖိနပ်တွေက အင်္ကျီအရောင်တိုင်းနဲ့ လိုက်ဖက်ပြီး ပေါ့ပေါ့ပါးပါး ရှိပါတယ်။

ဖိနပ်ကြိုး အသားရောင်ပုံစံ ဖိနပ်တွေက သင့်အသားအရေကို ပိုဖွေးသွားစေနိုင်ပါတယ်။ ဒါ့အပြင် ပေါ့ပေါ့ပါးပါးလည်း ရှိပါတယ်။

ကွင်းစွပ် အသားရောင် ဖိနပ်တွေကလည်း မိန်းကလေးတိုင်းနဲ့ လိုက်ဖက်တဲ့ ဖိနပ်ပုံစံထဲ ပါဝင်ပါတယ်။

အဖြူရောင် ကွင်းစွပ် ဖိနပ်လေးတွေက ဖက်ရှင်ပုံစံ ဘာဝတ်ဝတ် ပေါ့ပေါ့ပါးပါး ရှိပြီး လ်ိုက်ဖက်ပါတယ်။

ပေါ့ပါးပြီး ဝတ်ရတာ သက်တောင့်သက်သာဖြစ်မယ့် ဖိနပ်ပုံစံ

Block Heel တွေက အင်္ကျီတိုင်းနဲ့ လိုက်ဖက်တဲ့ Fashion Item တစ်မျိုးပါ။

အင်္ကျီပန်းရောင်ကို ပိုထူးခြားသွားစေနိုင်မယ့် အပြာရောင် ဖိနပ်စတိုင်

အဖြူလေး ဝတ်တာ များရင် ဖော်ပြပါ ဖိနပ်ပုံစံက ရွေးသင့်တဲ့အထဲ ပါဝင်ပါတယ်။

ကြိုးသေးသေးလေးနဲ့ ချစ်ဖို့ကောင်းတဲ့ ဖိနပ်ပုံစံ

ဖိနပ် ကြိုးကိုမှ အရောင်မပါတဲ့ အကြည်ရောင် ဖိနပ်တွေကို ပျိုမေတို့ အဝတ်များလာပြီး ဒီဖိနပ်တွေက ပေါ့ပေါ့ပါးပါး ရှိလှပါတယ်။

Photo Source: Pinterest

By MyStyle Myanmar