ခရီးသွားဖို့ ကားစီးရမယ်၊ လေယာဉ်စီးရမယ်ဆိုတာနဲ့ ပုံမှန်နဲ့ မတူဘဲ ပဲများကာ လိုတာထက် ပိုပြင်သွားတတ်သူတွေကို သင်မြင်ဖူးမှာပါ။ ဒီထဲမှာတော့ ဒီလို ပြင်ထားတယ်လို့ မထင်ရစေဘဲ ပေါ့ပေါ့ပါးပါးလေးနဲ့ စတိုင်ကျနေစေမယ့် အင်္ကျီဝတ်ဆင်ပုံတွေကို ဖော်ပြပါရစေ။ အခုဖော်ပြထားတဲ့ ဝတ်ဆင်ပုံစတိုင်တွေက ပေါ့ပေါ့ပါးပါး ရှိတာမို့ သင် နောက်တစ်ခေါက် ခရီးသွားတဲ့အချိန် ကြည့်နိုင်ဖို့ သိမ်းထားသင့်တဲ့ အကြောင်းအရာဖြစ်ပါတယ်။ ဒီတော့ ကြည့်လိုက်ရအောင်နော်-

ပန်းရောင် အင်္ကျီBlouse လေးကို ဘောင်းဘီရှည်ထဲ ထည့်ဝတ်နိုင်ပါတယ်။ ဘေးလွယ်အိတ်အသေးလေးက သင့်ကို ပေါ့ပေါ့ပါးပါး ရှိစေပါလိမ့်မယ်။

ပန်းတွေ အပင်တွေ များတဲ့ နေရာမျိုးကို ခရီးသွားမယ်ဆိုရင် ဂါဝန်လေးတွေနဲ့ အဆင်ပြေပါလိမ့်မယ်။ အရောင် မရင့်လွန်းတဲ့ အပြာရောင် ဂါဝန်လေးက သင့်အတွက် ဝတ်ရတာ အေးအေးလေးနဲ့ သက်တောင့်သက်သာ ရှိပါလိမ့်မယ်။

တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေး ကောင်မလေးတွေအတွက် လိုက်ဖက်တဲ့ ဂါဝန်အရှည်နဲ့ ပုလဲပုတီး Accessories ကို တွဲနိုင်ပါတယ်။

သင်က ရာသီဥတု ပူတဲ့အချိန် အနက်ကို ရွေးချင်မှာ မဟုတ်ပါဘူး။ ဒီတော့ အနက်ရဲ့ ဆန့်ကျင်ဘက် အဖြူဂါဝန်လေးနဲ့ အဖြူ Blouse ကို ရွေးနိုင်ပါတယ်။

ကြိုးတစ်ချောင်း အင်္ကျီလက်ပြတ်လေးနဲ့ ဘောင်းဘီရှည်က ခန္ဓာကိုယ်လှတဲ့ ကောင်မလေးတွေအတွက် အဖော်မွန်ပါပဲ။

Tank Top Crop လေးနဲ့ ဘောင်းဘီအကျပ်ကို ဆွဲဆောင်မှု ရှိရှိ တွဲနိုင်ပါသေးတယ်။

အရောင်နုလေးတွေကို နေပူတဲ့ အချိန် ရွေးချယ်သင့်ပါတယ်။ ဂျင်းဘောင်းဘီရှည် အပြာဖျော့လေးနဲ့ အသားရောင် အင်္ကျီလက်ပြတ်ကို တွဲနိုင်ပါတယ်။

ဘောင်းဘီတို အဖြူလေးကို အပြင်ထပ် အစင်းကြောင်း ရှပ်အင်္ကျီအပွလေးနဲ့ တွဲဝတ်နိုင်ပါတယ်။

ဂါဝန်အတိုလေးကို ပြင်ထပ် အနွေးထည်လေးနဲ့ ချစ်စရာကောင်းအောင် ဝတ်ဆင်နိုင်ပါသေးတယ်။

ဂျင်းဘောင်းဘီအတိုနဲ့ Blouse အင်္ကျီခါးတိုလေးကို မိန်းကလေးဆန်ဆန် ခရီးသွားရင် ရွေးချယ်နိုင်ပါတယ်။

သင်က သိပ်မပူတဲ့ နေရာတွေကို ခရီးသွားရမယ်ဆိုရင် ဒီစတိုင်လေးကို နှစ်သက်မှာပါ။

လူငယ်ဆန်ဆန် ဂါဝန်တိုလေးနဲ့ ပေါ့ပေါ့ပါးပါး ခရီးသွားမယ်ဆိုရင်တော့ ဒီစတိုင်လေးကို စဉ်းစားသင့်ပါတယ်။

Photo Source: Pinterest

By MyStyle Myanmar