မြန်မာဝတ်စုံဝတ်တဲ့ မိန်းကလေးတစ်ယောက်နဲ့ အတိုဝတ်တဲ့ မိန်းကလေးတစ်ယောက်ကို မြန်မာလူမျိုးတစ်ယောက်ရဲ့ မျက်လုံးနဲ့ ယှဉ်ကြည့်မယ်ဆိုရင် မြန်မာဝတ်စုံကို အမြင်ပိုအေးတယ်လို့ လူတိုင်း သတ်မှတ်ကြပါလိမ့်မယ်။ မြန်မာအမျိုးသမီးလေးတွေ မြန်မာဝတ်စုံဝတ်လိုက်တဲ့အခါ ကိုယ့်ကိုကိုယ် လေးစားယုံကြည်မှုတွေ ပိုတိုးလာတာကိုတော့ ပျိုမေတိုင်း သိမှာပါ။ ဒီတစ်ခေါက်မှာတော့ ပေါ့ပေါ့ပါးပါးနဲ့ ထသွားထလာ ဝတ်နိုင်မယ့် မြန်မာဝတ်စုံဖက်ရှင်တွေကို ကြည့်လိုက်ရအောင်နော်-

အခုနောက်ပိုင်း မြန်မာဝတ်စုံကိုမှ ခါးတို ဝတ်တာ ပိုများလာပါတယ်

ဒါ့အပြင် အရောင်တစ်ရောင်တည်း မဟုတ်ဘဲ အရောင်စပ်ပြီး အမျိုးမျိုး ဖန်တီးဝတ်ဆင်လာကြပါတယ်။

မြန်မာဝတ်စုံဝတ်ပြီး Facebook မှာ ဓာတ်ပုံတင်လိုက်ရင် ပုံမှန်ထက် သဘောကျသူများတာ ပျိုမေတိုင်း ကြုံဖူးမှာပါ။

သင်က သင့်လက်မောင်းအလှကို ပြသချင်တယ်ဆိုရင် မြန်မာခါးတို အင်္ကျီလက်ပြတ်လေးတွေ ရွေးချယ်ဝတ်ဆင်နိုင်ပါတယ်။

ဝတ်စုံအပြင် အပို Accessories တွေပါ ထည့်ဝတ်ပေးနိုင်ရင် သင့် မြန်မာဝတ်စုံ ဖက်ရှင်ကို ပိုလှစေမှာပါ။ ဥပမာ- ခေါင်းစည်းကြိုး အရောင်တူလေးတွေ၊ ငွေ/ ရွှေရောင် နာရီတွေ ဖြစ်ပါတယ်။

သင်က ခါးနေရာ မသေးသွယ်ဘူးဆိုရင် အပေါ်က ဖဲပြားလေးတွေ၊ ပန်းပွင့်အဆင်လေးတွေ ပိုထည့်ပေးပြီး လှည့်စားသင့်ပါတယ်။

ဆံပင်ချထားတာမျိုး မဟုတ်ဘဲ ကျစ်ဆံမြီးကျစ်ထားတာ၊ ဆံပင်ကို တစ်ဝက် စည်းတာကလည်း မြန်မာဝတ်စုံနဲ့ လိုက်ဖက်ပါတယ်။

Photos credit to owners

Photo Source from Pinterest

By MyStyle Myanmar