ဆံပင်ကျွတ်လို့ စိတ်ညစ်နေလား။ ဆံပင်ကျွတ်တာဟာ အာဟာရဓာတ်ချို့တဲ့တာကြောင့်လည်းဖြစ်နိုင်သလို၊ မျိုးရိုးနဲ့ ဓာတုပစ္စည်းထိတွေ့မှုများတာကြောင့် စိတ်ဖိစီးမှုကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ရှားစောင်းလက်ပပ် အုန်းနို့ကို ပေါင်းပြီးသုံးပေးမယ်ဆိုရင်တော့ ဆံပင်ပေါက်တဲ့အမြစ်တွေကို သန်စွမ်းစေပြီး ဆံပင်ကျွတ်တာကို သက်သာစေပါတယ်။ ဦးရေပြားကိုလည်း ရေဓာတ်ဖြည့်စွမ်းပေးနိုင်ပါတယ်။ Antioxidant ၊ Fatty Acids နဲ့ ဗီတာမင်ဓာတ်ပါဝင်ပြီး ဆံကေသာကို အကောင်းဆုံး အာဟာရဓာတ်ဖြည့်တင်းပေးနိုင်ပါတယ်။

အုန်းနို့ဟာ ဆံကေသာကို စိုပြေစေပြီး ပျော့ပြောင်းစေသလို ဆံသားထိခိုက်ပျက်စီးမှုကနေလည်း ကာကွယ်ပေးနိုင်ပါတယ်။

ပါဝင်ပစ္စည်း

ရှားစောင်းလက်ပပ်  စားပွဲတင်ဇွန်း ၅ ဇွန်း

အုန်းနို့ ခွက်တစ်ဝက်

ပြုလုပ်နည်း

ပါဝင်ပစ္စည်းတွေကို ခွက်တစ်လုံးထဲထည့်ပြီး မွှေလိုက်ပါ။ ပြီးရင် ဆံပင်အရင်းကနေ အဖျားထိလိမ်းပေးပြီး ညင်သာစွာနှိပ်နယ်ပေးပါ။ အဲဒီနောက် မိနစ် ၃၀ ကနေ ၄၀ ထိထားပေးပြီး ခေါင်းလျှော်ချပေးလိုက်ပါ။ တစ်ပတ်ကို ၂ ကြိမ်ကနေ ၃ ကြိမ်ထိလုပ်ပေးနိုင်ပါတယ်။