အချို့ ဖက်ရှင် ကျွမ်းကျင်သူတွေ ပြောလေ့ရှိတာက အနက်နဲ့ အညိုကို မတွဲသင့်ဘူး၊ အပြာနဲ့ အစိမ်းကို မတွဲသင့်ဘူးဆိုပြီး ပြောလေ့ရှိကြပါတယ်။ ဒါပေမဲ့ တကယ်တွဲဝတ်ကြည့်မှ လိုက်မလိုက် သိနိုင်မှာပါ။ တချို့ အရောင်တွေက တွဲလိုက်မှ ပိုလှသွားတာမျိုး ရှိပါတယ်။ သင်က ဒီအရောင်အတွဲအစပ်တွေကို သိထားမယ်ဆိုရင် နောက်တစ်ခေါက် အပြင်ထွက်တဲ့အချိန် လိုက်ပါ့မလားတွေ တွေးပူစရာ မလိုတော့ပါဘူး။ အလိုက်သင့်လေး တွဲဝတ်ရုံပါပဲ။ ဒီတော့ ကြည့်လိုက်ရအောင်နော်-

Solid Color တွေက အင်္ကျီကို ဈေးပိုကြီးတယ် ထင်ရစေပါတယ်။ အဖြူကို တစ်ကိုယ်လုံးစင်တာ၊ အနက်၊ ဆင်စွယ်ရောင်တွေကို တစ်ကိုယ်လုံး ဒီအရောင်ပဲ ဝတ်တာတွေ လုပ်နိုင်ပါတယ်။

Neutral အစား Metallic အရောင် (အရောင်ပြောင်ပြောင်) ပြောင်းဝတ်လိုက်မယ်ဆိုရင် သင့်ကို ပိုထူးခြားကာ စတိုင်ကျစေပါလိမ့်မယ်။

အရောင်အတောက်တွေ ဝတ်တဲ့အခါ သင်က ဘာအရောင်နဲ့ ထပ်တွဲရမလဲ မကျိန်းသေရင် အဖြူနဲ့ တွဲနိုင်ပါတယ်။ အဖြူနဲ့ အရောင်အတောက်တွေ ဖြစ်တဲ့ အနီ၊ ပန်းရောင်၊ လိမ္မော် အကုန်လုံးက လိုက်ဖက်ပါတယ်။

Accessories ဝတ်တဲ့အခါ သင့်အင်္ကျီက အရောင်နုဆိုရင် အရောင်တောက်တဲ့ အိတ်ကို လွယ်သင့်ပြီး အင်္ကျီက အရောင်တောက်ဆိုရင် ဒါနဲ့ ပြောင်းပြန် ဝတ်သင့်ပါတယ်​။ အိတ်အရောင်နဲ့ ဖိနပ်အရောင်တူတာမျိုးကလည်း စတိုင်ကျစေပါတယ်။

အရောင်အတွဲအစပ်

အရောင်အတွဲအစပ် လိုက်ဖက်နေဖို့ Color Wheel မှာ ဆန့်ကျင်ဘက် Complementary အရောင်တွေကို ရွေးနိုင်ပါတယ်။ ဥပမာ- အဝါနဲ့အပြာရောင် Jean ကို တွဲတာမျိုးပါ။

အရောင်အဖျော့လေးကို တွဲဝတ်တာက သင့်ကို အရောင်ငြိမ်ငြိမ်လေးနဲ့ ပိုလှစေပါတယ်။

အရောင်တူတာကိုမှ အဖျော့နဲ့ အရင့် တွဲဝတ်ရင်လည်း လှပါတယ်။

ဘာပဲဖြစ်ဖြစ် သင်နှစ်သက်တဲ့ စတိုင်ကို ဝတ်တာက ပျော်စရာ အကောင်းဆုံးပါပဲ။

Photo Source: Pinterest

By MyStyle Myanmar